Top News

တိုက်စစ်မှူး ဒါဝင်နူးညက်ဇ်အတွက် ကမ်းလှမ်းမှုများကို လီဗာပူးလ် လက်ခံစဉ်းစားမည်
24htopnews | January 7, 2025 6:12 PM CST

လီဗာပူးလ်အသင်းသည် အသင်းတိုက်စစ်မှူး ဒါဝင်နူးညက်ဇ်အတွက် ယခုဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း ကမ်းလှမ်းလာမှုများကို လက်ခံစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။

နူးညက်ဇ်(၂၅ နှစ်)သည် ၂၀၂၂ ခုနှစ် နွေရာသီက Add-ons ကြေးအပါအဝင် ပေါင် ၈၅ သန်းအထိ ရောက်ရှိနိုင်သည့် ပြောင်းရွှေ့ကြေးပမာဏဖြင့် လီဗာပူးလ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

၎င်းအနေဖြင့် နည်းပြသစ် အာနယ်ဆလော့လက်ထက်တွင် နေရာရရေး ပိုမိုရုန်းကန်လာရပြီး ဆာလာ၊ ဒီယက်ဇ်၊ ဂက်ပိုနှင့် ဂျိုတာတို့က တိုက်စစ်ပိုင်းကို နေရာယူထားကြသည်။

လီဗာပူးလ်အသင်းသည် နူးညက်ဇ်ကို ပေါင် သန်း ၅၀ နှင့် ၆၀ ကြား ရရှိလျှင် ရောင်းထုတ်မည်ဖြစ်ပြီး နယူးကာဆယ်အသင်းက ခေါ်ယူရန် စိတ်ဝင်စားနေသည်။


READ NEXT
Cancel OK