Top News

ဗင်နီဇွဲလား အမျိုးသားလွှတ်တော်က ထိန်းချုပ်ခံထားရသော မာဒူရိုအစိုးရ၏ပိုင်ဆိုင်မှုများကို ဂွါဒီဒိုအား အသုံးပြုခွင့်ပေး
24htopnews | January 7, 2025 12:12 PM CST

ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရို စီးပွားရေးပိတ်ဆို့ ခံထားရခြင်းကြောင့် ဗင်နီ ဇွဲလားအစိုးရအဖွဲ့ပိုင်ဆိုင်သော နိုင်ငံပြင်ပရှိ ဒေါ်လာသန်း ၈၀ ကို အတိုက်အခံ ခေါင်း ဆောင်ဂွါအီဒိုအား ထိန်းချုပ်ခွင့်ပေးရန် ဗင်နီဇွဲလားအတိုက်အခံတို့ ကြီးစိုးထားသည့် အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆုံးဖြတ်ခဲ့သည်။

ယခုအခါတွင် ဂွါအီဒိုသည် အမေရိကန်၌ ထိန်းချုပ်ခံထားရသော ဗင်နီဇွဲလား အစိုးရအဖွဲ့ဝင် ထိပ်တန်းအကြီးအကဲများ၏ ဘဏ်စာရင်းများကို ထိန်းချုပ်ရန် အမေရိကနိုင်ငံများ အဖွဲ့အစည်းများ၏စောင့်ကြည့်မှု အောက်တွင် ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းနိုင်တော့ မည်ဖြစ်ကြောင်း လွှတ်တော်အမတ်အယ်ဖွန် ဆိုမာကွီနာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

ငါးနှစ်ဆက်တိုက် စီးပွားရေးကျဆင်းနေမှုကြောင့် သန်းနှင့်ချီသောနိုင်ငံသားများ စားဝတ်နေရေး ကျပ်တည်းနေသည့် တောင်အမေရိကနိုင်ငံ ဗင်နီဇွဲလားတွင် လူမှုအသုံး စရိတ်များအား ထိုငွေများဖြင့်ပေးချေရန်  ဥပဒေဖြင့် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ယင်း ဥပဒေသည် နိုင်ငံတကာဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရန်နှင့် ဂွါအီဒိုဦးဆောင် သော ကြားဖြတ်အစိုးရအဖွဲ့ကို အထောက် အပံ့ပြုရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်း လွှတ် တော်၏ ထုတ်ပြန်မှုအတွင်း ဖော်ပြထားသည်။

စီးပွားရေးအကျပ်အတည်းကြောင့် ဗင် နီဇွဲလားနိုင်ငံသား လေးသန်းကျော်သည် နိုင်ငံထဲမှ ထွက်ခွာခဲ့ကြကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဂွါအီဒိုသည် ကိုယ့်ကိုယ်ကိုယ် ကြား ဖြတ်သမ္မတအဖြစ် ကြေညာရန်အတွက် ၎င်း၏ ပါလီမန်ဥက္ကဋ္ဌရာထူးကို အသုံးချခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီတွင် မာဒူရိုအစိုးရအဖွဲ့ အား စိန်ခေါ်ခဲ့သည်။ မာဒူရို ပြန်လည်ရွေး ကောက်တင်မြှောက်ခံရသည့် ၂၀၁၈ ရွေး ကောက်ပွဲအတွင်း မဲမသမာမှုရှိသည်ဟု အ ပြင်းအထန်ရှုတ်ချခံရမှုနှင့်ပတ်သက်၍ ပါလီမန်က မာဒူရိုကို အာဏာလုယူသူဟု အမည်တပ်ခဲ့သည်။

ဂွါအီဒိုသည် အမေရိကန်အပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်၏အသိအမှတ်ပြုမှုကို ခံထားရသည်။ သမ္မတမာဒူရိုသည် အင်အား ကြီးစစ်တပ်၏ ထောက်ပံ့မှုကို ရရှိထားဆဲဖြစ် ပြီး လွတ်လပ်၍ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲများကျင်းပနိုင်ရေးအတွက် လမ်းဖွင့်ပေးရန် တောင်းဆိုခဲ့သည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလကလည်း ဗင် နီဇွဲလားအမျိုးသားလွှတ်တော်သည် ထိန်း ချုပ်ခံထားရသော နိုင်ငံပြင်ပရှိ ရန်ပုံငွေ ဒေါ်လာ ၃.၅ သန်းကို ထိန်းချုပ်ခွင့်အား ဂွါ အီဒိုထံ အပ်နှင်းခဲ့သည်။

ဗင်နီဇွဲလားအမျိုးသားလွှတ်တော် သည် တရားရုံးတော်ကို မထီမဲ့မြင်ပြုနေသည် ဟု မာဒူရိုအစိုးရအဖွဲ့ ထိန်းချုပ်ထားသော နိုင်ငံတော်တရားရုံးချုပ်က ၂၀၁၆ ခုနှစ်တွင် ကြေညာခဲ့ပြီး ယင်းအချိန်မှစ၍ အမျိုးသား လွှတ်တော်၏ ဆုံးဖြတ်ချက်တိုင်းကို ပယ်ချခဲ့ သည်။

အမျိုးသားလွှတ်တော်သည် Legislative Palace  အဆောက်အအုံတွင် အစည်း အဝေးကျင်းပခြင်းမှ တားမြစ်ပိတ်ပင်ခံထား ရပြီး ထိုသို့ပိတ်ပင်ခံထားရချိန်ကတည်းက အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး များကို အခြားတစ်နေရာတွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။                                  

 

 


READ NEXT
Cancel OK