Top News

အီရန် ပါလီမန်အမတ် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး
24htopnews | January 7, 2025 12:12 PM CST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသော အီရန်ပါလီမန်အမတ် သေဆုံးသွားခဲ့ကြောင်း အီရန်အစိုးရ သတင်း အေဂျင်စီ Iranian Students News Agency က ဖေဖော်ဝါရီ ၂၉ ရက်တွင် ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကမှ ပါလီမန်အမတ် ဖြစ်လာခဲ့သော အီစတာနာအာရှရာဖီရာသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖျားနာခဲ့ပြီး ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

အီရန်တွင် ပြီးခဲ့သည့်တစ်ရက်အတွင်း ဗိုင်းရပ်စ်ကြောင့် ဦး ထပ်မံသေဆုံးခဲ့ပြီး သေဆုံးသူ ၄၃ ဦးထိ မြင့်တက်ခဲ့သည်ဟုဆိုသည်။

တစ်ရက်အတွင်း လူ ၂၀၅ ဦး ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး စုစုပေါင်း ကူးစက်ခံရသူ ၅၉၃ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ရုပ်သံသ တင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အီရန်တွင် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ၂၁၀ ထက်မနည်းသေဆုံးခဲ့ကြောင်း အမည် မဖော်လိုသော ကျန်းမာရေးသတင်းရင်းမြစ် များက ဘီဘီစီကို ပြောကြားခဲ့သော်လည်း ထိုစာရင်းကို ပြောခွင့်ရပုဂ္ဂိုလ်က ဒေါသတကြီး ငြင်းဆိုခဲ့သည်။

 


READ NEXT
Cancel OK