
မလေးရှားဘုရင်က ၀ါရင့်နိုင်ငံရေးသမား မူယက်ဒင်ယက်ဆင်အား ဝန်ကြီးချုပ်သစ်အဖြစ် ဖေဖော်ဝါရီ ၂၉ တွင် ခန့်အပ်ခဲ့ရာ ပြီးခဲ့သောသီတင်းပတ်၌ ဝန်ကြီးချုပ်အဖြစ် နုတ်ထွက်ခဲ့သော မဟာသီယာ မိုဟာမက်က အာဏာကို တစ်ကျော့ပြန် ချုပ်ကိုင်နိုင်ရန် ကြိုးပမ်းမှုမှာ မအောင်မြင်ခဲ့ပေ။
မဟာသီယာ၏ Bersatu ပါတီအား ဦးဆောင်သူ မူယက်ဒင်ကို ခန့်အပ်မှုသည် ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့သော United Malays National Organization (UMNO) ကို အာဏာပြန်လည်ရရှိစေရန် ဖြစ်လာစေမည်ဖြစ်သည်။
UMNO နှင့်ပူးပေါင်းရန် Bersatu ၏ အစီအစဉ်ကို ဆန့်ကျင်မှုအဖြစ် မဟာသီယာက ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်အပါအဝင် UMNO ၏ ခေါင်းဆောင်အများအပြားသည် ယခုအခါ အကျင့်ပျက်ခြစားမှုဆိုင်ရာ စွဲချက်များအတွက် ရုံးတင်စစ်ဆေးခံနေရသည်။
မဟာသီယာသည် မူယက်ဒင်၏အစီအစဉ်အား ဟန့်တားရန်အတွက် ပြိုင်ဘက်ဖြစ်သူ အန်ဝါအီဗရာဟင် ဦးဆောင်သော အာဏာရ ညွန့်ပေါင်းဟောင်းနှင့် လက်တွဲရန် ဖေဖော်ဝါရီ ၂၉ ရက်အစောပိုင်းတွင် သဘောတူညီချက်သစ် ရယူခဲ့သည်။
သို့သော် မူယက်ဒင်သည် ဥပဒေပြု အမတ်အများစု၏ ထောက်ခံမှုများ ရရှိထားသည်ဟု ဘုရင် ဆူလ်တန် အဗ္ဗဒူလာဆူလ်တန် အာမက်ရှားက ယုံကြည်ခဲ့ပြီး မူယက်ဒင်သည် မတ် ၁ တွင် ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဖြစ်သည်။
မူယက်ဒင်အား ဘုရင်က မရွေးချယ်မီ မဟာသီယာက သူသည် ဝန်ကြီးချုပ်အဖြစ် တတိယအကြိမ်မြောက် ပြန်လာရန်အတွက် ပါလီမန်တွင် လိုအပ်သောထောက်ခံမဲ အများစုရရှိနိုင်မည်ဟု ယုံကြည်နေကြောင်း ပြောကြားခဲ့သည်။
ကျေးလက်တွင် ထောက်ခံမှုအခိုင်အမာ ရရှိထားသော သဘောထားအစွန်းရောက်သည့် အစ္စလာမ္မစ်ပါတီအပါအဝင် မဟာမိတ်များနှင့် UMNO တို့သည် မူယက်ဒင်အား ထောက်ခံခဲ့သဖြင့် အာဏာယှဉ်ပြိုင်ပွဲတွင် ဦးဆောင်သူ ဖြစ်လာခဲ့သည်။
အစိုးရရင်းနှီးမြှုပ်နှံမှုလုပ်ငန်း 1MDB ၏ ဧရာမ အရှုပ်တော်ပုံအား နာဂျစ်အစိုးရ၏ ကိုင်တွယ်မှုနှင့်ပတ်သက်၍ ဝေဖန်ခဲ့မှုကြောင့် အသက် ၇၂ နှစ်ရှိပြီဖြစ်သည့် မူယက်ဒင်သည် ၂၀၁၅ ခုနှစ်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ်မှ ထုတ်ပယ်ခံခဲ့ရသည်။ မူယက်ဒင်သည် မဟာသီယာအား Bersatu ပါတီဖွဲ့နိုင်ရန် ကူူညီပေးခဲ့ပြီး မဟာသီယာက အန်ဝါထံ အာဏာလွှဲပေးမည်ဟူသော သဘောတူညီချက်ဖြင့် နောက်ပိုင်းတွင် Bersatu က အန်ဝါ၏ Alliance of Hope နှင့် ပူးပေါင်းခဲ့သည်။
မူယက်ဒင်က UMNO အား အစိုးရအဖွဲ့ထဲ ပြန်ခေါ်လာလျှင် မလေးရှားအတွက် ကံဆိုးမိုးမှောင်ကျခြင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ ၎င်းသည် အကျင့်ပျက်ခြစားမှုနှင့် လူမျိုးရေးခွဲခြားမှုအား ပြန်လည်ဆောင်ယူလာမည်ဖြစ်ပြီး နာဂျစ်နှင့် အခြားသူများက အသက်ရှူပေါက် ရသွားဖွယ်ရှိကြောင်း သြစတြေးလျ၏ University of Tasmania မှ အာရှအင်စတီကျု့ကို ဦးဆောင်သူ ဂျိမ်းစ်ချင်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်