Top News

၀ိန်းရွန်နီကို မန်ယူအသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် မြင်တွေ့လိုသည်ဟု ဝက်စ်ဘရောင်း ပြောကြား
24htopnews | January 7, 2025 8:12 AM CST

မန်ယူအသင်း၏ ကစားသမားဟောင်းတစ်ဦးဖြစ်သည့် ဝက်စ်ဘရောင်းက ၀ိန်းရွန်နီကို မန်ယူအသင်း၏ နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် မြင်တွေ့လိုသည်ဟု ပြောကြားခဲ့သည်။

မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီ(၃၉ နှစ်)သည် ဒီဇင်ဘာ(၃၁)တွင် လိဂ်ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနှင့် လမ်းခွဲခဲ့သူဖြစ်သည်။

''၀ိန်းက လူတော်တစ်ယောက်ပါ။ သူ စိန်ခေါ်မှုအသစ်ကို ရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီဆိုတာ သေချာပါတယ်။ သူ ဦးဆောင်နည်းပြ ထပ်မလုပ်ချင်သေးဘူးဆိုရင် တိုက်စစ်နည်းပြအလုပ် ရှိပါတယ်။ ယူနိုက်တက်မှာ ဟွိုင်လန်းကို သူ မကူညီပေးနိုင်ဘူးလား။ လူငယ်တိုက်စစ်မှူးတိုင်းက ၀ိန်းရဲ့ အကြံပေးမှုကို ရယူချင်လိမ့်မယ်လို့ ထင်ပါတယ်''ဟု ဘရောင်းက ဆိုခဲ့သည်။

မန်ယူအသင်းသည် ယခင်နည်းပြ အဲရစ်တန်ဟက်ဂ်လက်ထက်တွင် တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်းကို တိုက်စစ်နည်းပြအဖြစ် ခန့်အပ်ခဲ့ဖူးပြီး နည်းပြသစ် အာမိုရင်မ်လက်ထက်တွင် ဆက်လက်ခန့်ထားလိုခြင်းမရှိသည့်အတွက် လမ်းခွဲခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK