
၂၀၂၀ ပြည့်နှစ်တွင် မြောက်ကိုရီးယားနှင့် အီရန်သည် တာဝေးပစ် ပဲ့ထိန်းဒုံးများ တီထွင်ခြင်းလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ခဲ့ကြောင်း ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အမှီအခိုကင်းသော ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များအဖွဲ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ နှစ်စဉ်အစီရင်ခံစာကို ဖေဖော်ဝါရီ ၈ ရက်တွင် ကုလလုံခြုံရေးကောင်စီသို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ဒုံးကျည်တီထွင်မှုလုပ်ငန်းတွင် မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်ဆိုသော အချက်ကို အီရန်က ငြင်းဆိုခဲ့ကြောင်း၊ သို့သော် အမည်မဖော်လိုသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြောကြားချက်အရ မြောက်ကိုရီးယားနှင့် အီရန်သည် တာဝေးပစ်ပဲ့ထိန်းဒုံး တီထွင်ထုတ်လုပ်ရေး စီမံကိန်းများတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်စတင်ခဲ့ကြောင်း ကုလအစီရင်ခံစာ၌ ဖော်ပြထားသည်။
နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွင် ပဲ့ထိန်းဒုံးကျည်နှင့်သက်ဆိုင်သော အရေးကြီး စက်ပစ္စည်းအစိတ်အပိုင်းများ လွှဲပြောင်းခြင်းတို့ ပါဝင်ခဲ့ဖွယ်ရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ရေကြောင်းကုန်စည်သွားလာမှု အများဆုံးရှိခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။
မြောက်ကိုရီးယားသည် ကုလလုံခြုံရေးကောင်စီ၏ ကြေညာချက်များကို ချိုးဖောက်၍ ပြီးခဲ့သည့်နှစ်တွင် ၎င်း၏နျူကလီးယားနှင့် ပဲ့ထိန်းဒုံးအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံကို စောင့်ကြည့်အကဲဖြတ်ထားသော ကုလအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ပဲ့ထိန်းဒုံး ထိပ်ဖူးသစ်များ၊ နည်းဗျူဟာမြင့် နျူကလီးယားလက်နက်များကို တီထွင်ခြင်းနှင့် စမ်းသပ်ခြင်းတို့အတွက် ပြင်ဆင်နေသည်ဟု မြောက်ကိုရီးယာအစိုးရအဖွဲ့က ပြီးခဲ့သည့်နှစ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
မြောက်ကိုရီးယားသည် နျူကလီးယား ဓာတ်ပြိုကွဲမှုကို ဖြစ်စေနိုင်သော ပစ္စည်းများကို ထုတ်လုပ်ခဲ့ပြီး နျူကလီးယားဓာတ်ပေါင်းဖိုများကို ဆက်လက်လည်ပတ်ခဲ့ကာ ပဲ့ထိန်းဒုံး အခြေခံအဆောက်အအုံကို အဆင့်မြှင့်တင်ခဲ့ကြောင်း၊ ထို့ပြင် ထိုလက်နက်အစီအစဉ်များအတွက် လိုအပ်သော ပစ္စည်းကိရိယာနှင့် နည်းပညာကို ပြည်ပမှ ရယူနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း အစီရင်ခံစာကဆိုသည်။
မြောက်ကိုရီးယားသည် ကန့်သတ်ထားသော ရေနံစည် ငါးသိန်းထက်ကျော်လွန်သည့် ရေနံစည်ပမာဏကို ဆက်လက်တင်ပို့ခဲ့ပြီး သန့်စင်ပြီး ရေနံတင်ပို့ခြင်းကို တစ်ခါတစ်ရံတွင် ပရိယာယ်ဖြင့် အသေးစိတ် စီစဉ်လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့သည်။
၂၀၂၀ ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၃၀ ရက်ကာလအတွင်း ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံမှ ပေးပို့ထားသော ဓာတ်ပုံများ၊ အချက်အလက်များနှင့် တွက်ချက်မှုများအရ ၂၀၂၀ ပြည့်နှစ်အတွင်း မြောက်ကိုရီးယား၏ တရားမဝင် ရေနံတင်ပို့မှုသည် တစ်နှစ်အတွက် ကန့်သတ်ထားသော ရေနံစည်တင်ပို့မှု ပမာဏကို အကြိမ်ကြိမ် ကျော်လွန်ခဲ့ကြောင်း ကုလအစီရင်ခံစာတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်