
ရုရှားနိုင်ငံတွင် ကရင်မလင် ဝေဖန်ရေးသမား အလက်ဇီ နာဗာညီအား အာဏာပိုင်များက ညှာတာမှုကင်းမဲ့စွာ ဖိနှိပ်ထားမှုကို ဒေါသထွက်နေချိန်တွင် ဥရောပသမဂ္ဂ (EU) ၏ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ်က ရုရှားအပေါ် ပိတ်ဆို့မှုများ ပြုလုပ်ရေးအတွက် ၎င်းအဖွဲ့အစည်းကို အဆိုပြုသွားမည်ဟု ဖေဖော်ဝါရီ ၉ ရက်က ပြောကြားခဲ့သည်။
စပိန်ဝန်ကြီးဟောင်း ဘော်ရဲလ်သည် ပြီးခဲ့သည့် သီတင်းပတ်က ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ရုရှားနှင့် EU ကြား ဆက်ဆံရေးများကို ဆွေးနွေးခဲ့ပြီးနောက် EU လွှတ်တော် အမတ်များအား မိန့်ခွန်းပြောကြားခဲ့ရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ ဒါဟာ အဖွဲ့ဝင်နိုင်ငံတွေအတွက် နောက်ထပ်လုပ်ဆောင်မယ့် ခြေလှမ်းကို ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်လာပါလိမ့်မယ်။ လက်ရှိအချိန်ထိတော့ ပိတ်ဆို့မှုတွေပြုလုပ်ဖို့နဲ့ နောက်ထပ် ခိုင်မာတဲ့ အဆိုပြုချက်တွေ တင်ပြသွားမှာပါ” ဟု ဘော်ရဲလ်က ဥရောပ ပါလီမန်ကို ပြောကြားခဲ့သည်။
ဥရောပအရှေ့ပိုင်းနိုင်ငံများနှင့် နာဗာညီ၏ မဟာမိတ်များကမူ နာဗာညီအား အကျဉ်းချထားပြီး ဆန္ဒပြသူများအား နှိမ်နင်းသည့် မော်စကို၏ လုပ်ဆောင်ချက်များအပေါ် အရေးယူရန် တောင်းဆိုနေကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကမူ သမ္မတ ဗလာဒီမာ ပူတင်နှင့် နီးစပ်သည့် ဘဏ်လုပ်ငန်းရှင်များနှင့် မီဒီယာသူဌေးများ၊ အစိုးရနှင့်နီးစပ်သူများကို ပိတ်ဆို့မှုများပြုလုပ်ရန် ပြောကြားခဲ့သည့် နာဗာညီ၏ အဖွဲ့အား သစ္စာဖောက်များဟု တံဆိပ်ကပ်ခဲ့သည်။
EU နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှားနိုင်ငံအရေးနှင့် သက်ဆိုင်သော ဆက်လက်လုပ်ဆောင်မည့် လုပ်ဆောင်ချက်များနှင့်ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၂ ရက်တွင် အစည်းအဝေးပြုလုပ်သွားမည်ဖြစ်သည်။
“ဘော်ရဲလ်ဟာ မော်စကို ကိုသွားပြီး နိုင်ငံရေးအရ စွန့်စားဆောင်ရွက်ခဲ့ပါတယ်” ဟု ဥရောပသံတမန်တစ်ဦးက အေအက်ဖ်ပီအား ပြောကြားခဲ့သည်။
ယင်းအစီအစဉ်ကို ဥရောပနိုင်ငံအချို့က ဆန့်ကျင်နေသော်လည်း ဘော်ရဲလ်ကမူ မော်စကိုသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် နာဗာညီနှင့်ပတ်သက်ပြီး ကရင်မလင်နှင့် ဆွေးနွေးညှိနှိုင်းမှုတွင် ရုရှားအစိုးရအနေဖြင့် ယင်းနှင့်ပတ်သက်ပြီး ခိုင်မာသည့် ဆွေးနွေးမှုမျိုးကို လုပ်ဆောင်လိုသည့် ဆန္ဒမရှိခဲ့သည်ကို တွေ့ရှိရကြောင်း ပြောကြားခဲ့သည်။
ကရင်မလင်သည် ဒီမိုကရေစီ တရားဥပဒေစိုးမိုးရေးကို ဖွင့်မပေးဘဲ သမ္မတ ပူတင်အား ဆန့်ကျင်သည့် လှုပ်ရှားမှုမှန်သမျှကို နင်းခြေခဲ့သည်ဟု ဘော်ရဲလ်က ပြောကြားခဲ့သည်။
နာဗာညီသည် ပြီးခဲ့သည့် သြဂုတ်လက အာရုံကြော ထိခိုက်စေသည့် Novichok အဆိပ်ဖြင့် လုပ်ကြံခံခဲ့ရသဖြင့် ဂျာမနီတွင် ဆေးဝါးကုသမှုခံယူခဲ့ရပြီးနောက် ပြီးခဲ့သည့်လတွင် ရုရှားသို့ပြန်လည်ရောက်ရှိခဲ့ချိန်၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ယင်းအဆိပ်ခတ်မှုကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ထောက်လှမ်းရေးအဖွဲ့များက ပြုလုပ်ခြင်းဖြစ်ကြောင်း နာဗာညီက ပြစ်တင်ဝေဖန်ခဲ့သည်။
ထိုအချိန်အတောအတွင်း ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က နှိမ်နင်းနေမှုနှင့်ပတ်သက်ပြီး ရုရှားတွင် ကန့်ကွက်သံများ ဆူညံစွာထွက်ပေါ်နေပြီး အမေရိကန်ကလည်း ရုရှားအား အမေရိကန်ရွေးကောက်ပွဲများကို ကြားဝင်စွက်ဖက်မှု၊ နာဗာညီအား အဆိပ်ခတ်မှုနှင့် အခြားဆိုးရွားသည့်လုပ်ရပ်များကြောင့် အရေးယူမှုများလုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်