
နာမည်ကျော် ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ဂျေမီရက်နက်ပ်က အာဆင်နယ်အသင်းအနေဖြင့် ဘရိုက်တန်နှင့်ပွဲမှ စွမ်းဆောင်ရည်မျိုးနှင့်ဆိုပါက ချန်ပီယံပြေးလမ်းပေါ်တွင် ဆက်လက်ရပ်တည်နိုင်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် ယင်းပွဲတွင် သရေကျခဲ့သည့်အတွက် ပရီးမီးယားလိဂ်နောက်ဆုံး(၆)ပွဲ၌ အမှတ်လျော့သည့်ပွဲ (၃)ပွဲရှိသွားခဲ့သည်။
ထို့ကြောင့် လက်ရှိအချိန်တွင် ထိပ်ဆုံးမှ လီဗာပူးလ်ထက် တစ်ပွဲပိုကစားကာ (၆)မှတ်လျော့နေသည်။
''ဒီပွဲမတိုင်ခင်မှာ ကျွန်တော် ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်း အလှည့်အပြောင်းတွေဖြစ်အောင် လုပ်ရမယ်လို့။ သူတို့အတွက် တကယ်ကို ညံ့တဲ့ညပါ။ ဒီလို စွမ်းဆောင်ရည်မျိုးနဲ့ဆိုရင် ချန်ပီယံပြေးလမ်းပေါ်မှာ ဆက်ရှိနိုင်မှာ မဟုတ်ပါဘူး''ဟု ဂျေမီရက်နက်ပ် က ပြောကြားခဲ့သည်။
အာဆင်နယ်နောက်ခံလူ ကာလာဖီအိုရီကမူ မိမိတို့အနေဖြင့် ချန်ပီယံဆုအကြောင်း မစဉ်းစားသင့်ဘဲ ကိုယ့်အသင်း၏စွမ်းဆောင်ရည်ကိုသာ အာရုံစိုက်သင့်သည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်