
နာပိုလီအသင်းနည်းပြ ကွန်တီသည် အသင်းပရိသတ်ကလေးငယ်တစ်ဦး ကွယ်လွန်မှုကြောင့် ဖီအိုရင်တီးနားအသင်းနှင့်ပွဲအပြီးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
နာပိုလီအသင်းသည် စနေနေ့က ကစားခဲ့သည့် စီးရီးအေပွဲစဉ်၌ ဖီအိုရင်တီးနားအသင်းကို အဝေးကွင်းတွင် (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည်။
နာပိုလီသည် အဆိုပါနိုင်ပွဲကြောင့် ရမှတ် (၄၄ မှတ်)ဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာသို့ တက်လှမ်းနိုင်ခဲ့ပြီး ဒုတိယနေရာမှ တစ်ပွဲလျော့ကစားထားသည့် အတ္တလန်တာ(၄၁မှတ်) ကို (၃) မှတ်ဖြတ်ထားသည်။
သို့သော် နာပိုလီအသင်း၏နိုင်ပွဲမှာ အသင်းနည်းပြ၊ ကစားသမားများနှင့် အလွန်ရင်းနှီးသည့် အသင်းပရိသတ်ကလေးငယ်၏ကွယ်လွန်မှုကြောင့် ဝမ်းနည်းစရာဖြစ်ခဲ့ရကြောင်း သိရသည်။
သွေးကင်ဆာရောဂါ ခံစားနေရသည့် နာပိုလီပရိသတ်ကလေးငယ် ဒန်နီရယ်လ်(၁၃ နှစ်)သည် ၎င်း၏နောက်ဆုံးအချိန်များကို နာပိုလီအသင်းတွင် ကုန်ဆုံးခဲ့သူဖြစ်သည်။
၎င်းသည် ဇန်နဝါရီ (၄)ရက်(စနေနေ့)နံနက်ပိုင်း၌ ကာလရှည်ခံစားနေရသည့် သွေးကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ဒန်နီရယ်လ် ကွယ်လွန်မှုသည် နာပိုလီအသင်းအပေါ် များစွာသက်ရောက်ခဲ့ပြီး အသင်းနည်းပြ ကွန်တီအနေဖြင့် ပွဲအပြီးသတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။
ဒန်နီရယ်လ် ကွယ်လွန်မှုနှင့် ပတ်သက်ပြီး နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ်က ''ချစ်ရပါသော ဒန်နီရယ်လ် မင်းက ငါတို့ကို လပေါင်းများစွာ ပျော်ရွှင်မှုတွေ ပေးခဲ့တယ်။ မင်း ရောဂါခံစားနေရပေမဲ့ ငါတို့ကို သတ္တိနဲ့ အပျော်တွေ ပေးခဲ့တယ်။ ဒီနိုင်ပွဲက မင်းအတွက်ပါ။ ငါတို့နှလုံးသားမှာ မင်းထာဝရရှိနေမှာပါ''ဟု X တွင် ရေးသားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်