
အိန္ဒိယနိုင်ငံတွင် ငါးရက်ဆက်တိုက်နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ သိသိသာသာ မြင့်တက်လာမှုနှင့်အတူ ဇန်နဝါရီ ၂ ရက်ကနေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရ သူသစ် ၂၇,၀၀၀ ကျော် ရှိခဲ့သော်လည်း နယူးဒေလီမြို့အာဏာပိုင်အဖွဲ့ အကြီးအကဲဖြစ်သူ အာဗင်ကီရီဝါလ်က ဆေးရုံတက်ရောက် ကု သရသည့် ဗိုင်းရပ်စ်လူနာအရေအတွက် နည်းပါးနေသောကြောင့်အထိတ်တလန့်မဖြစ်ကြရန် ပြောကြားခဲ့သည်။
ဒေလီနှင့် မွမ်ဘိုင်းမြို့အပါအဝင်နိုင်ငံ၏ အကြီးဆုံးမြို့များတွင် ကမ္ဘာတစ်ဝန်းကူး စက်မှုလှိုင်းအသစ်များကို ဖြစ်ပေါ်စေသည့် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် အပါအဝင် မကြာသေးမီက ဗိုင်းရပ်စ်ကူးစက်ခံရသူမြင့် တက်လာခဲ့သည်။
ဒေလီတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်သည် လွန်ခဲ့သည့်သုံးရက်က သုံးဆ မြင့်တက်လာသော်လည်း ကီရီဝါလ်က ဆေးရုံတက်ရောက်ကုသမှု ခံယူရသည့် လူနာအရေအတွက်မှာ မြင့်တက်လာခြင်းမရှိဟု ပြောကြားခဲ့သည်။
“ဆိုလိုတဲ့သဘောကတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူအများစုဟာ ဆေးရုံတက်ရောက်စရာ မလိုအပ်ဘူးဆိုတဲ့ အဓိပ္ပာယ်ပါ။ သူတို့တွေဟာ ရောဂါပြင်းပြင်းထန်ထန်မခံစားရပါဘူး”ဟု ၎င်းကဆိုသည်။
“ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်ကတော့ မြင့်တက်နေဆဲဆိုပေမဲ့ စိုးရိမ်စရာမရှိပါဘူး။ အထိတ်တလန့်မဖြစ်ကြပါနဲ့”ဟု ကီရီဝါလ်က ပြောကြားခဲ့သည်။
ဒေလီမြို့တော်သည် လွန်ခဲ့သည့်နှစ်က ကပ်ရောဂါ၏ ဒုတိယလှိုင်းအတွင်း အဆိုးရွားဆုံးခံစားခဲ့ရပြီး ဆေးရုံကုတင်နေရာများနှင့် အသက်ကယ် အောက်ဆီဂျင်များ ပြတ်လပ်သွားခဲ့သည်။
အိန္ဒိယနိုင်ငံတွင် ဇန်နဝါရီ ၂ ရက်က ဗိုင်းရပ်စ်ကူးစက်ခံရသူသစ် ၂၇,၅၅၃ ဦးနှင့် အတူ နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ခံရသူ ပေါင်း ၃၄.၈၈ သန်း စံချိန်တင်မြင့်တက်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၃ ရက်က ထုတ်ပြန်သည့် အချက်အလက်တွင် ဖော်ပြထားသည်။
အိန္ဒိယတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ပေါင်း ၄၈၁,၇၇၀ ဦးရှိသည်။လူပေါင်းထောင်ချီသည် နေအိမ်တွင် COVID-19 အလျင်အမြန်စစ်ဆေးနိုင်သည့် antigen စစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု မွမ်ဘိုင်းမြို့ရှိဒေသတွင်းအစိုးရအာဏာပိုင်များက ပြောကြားခဲ့သည်။
“ပြည်သူတွေက သူတို့ဗိုင်းရပ်စ်ကူးစက်ခံထားရပြီဆိုရင် အိမ်မှာပဲ သီးသန့်ကွာရန်တင်းနေကြတယ်လို့ ကျွန်တော်တို့တွေ သတိထားမိပါတယ်။ တစ်ချိန်တည်းမှာပဲ ဗိုင်းရပ်စ် ကူးစက်ခံထားရသူက သူ့အိမ်မှာ ကွာရန်တင်းဝင်ဖို့ နေရာလုံလုံလောက်လောက် မရှိဘူးဆိုရင်တော့ အစိုးရက စီစဉ်ပေးထားတဲ့ ကွာရန် တင်းစင်တာတွေမှာ လာရောက်နေထိုင်ကြပါတယ်”ဟု မွမ်ဘိုင်းမြို့၏ မြူနီစီပယ်မဟာ မင်းကြီးရုံးမှ အကြီးတန်းကျန်းမာရေးတာဝန်ရှိသူ ဆရီကန့် ဒက်ရှ်မွတ်က ပြောကြားခဲ့သည်။
အိန္ဒိယတွင် ဇန်နဝါရီ ၃ ရက်မှစ၍ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား ကလေးများအတွက် ကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ်တစ်ရပ်ကို စတင်လုပ်ဆောင်ခဲ့ပြီး ပြည်နယ်အစိုးရများကလည်း ကျောင်းများ၊ဆေးရုံများနှင့် အထူးစခန်းများတွင် COVID-19 ကာကွယ်ဆေးထိုးနှံမှုများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်