
ရုရှားက အနောက်အုပ်စုလိုလားသော အိမ်နီးချင်း ယူကရိန်းကို ကျူးကျော်ခဲ့မည်ဆိုပါက အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဟု ဇန်နဝါရီ ၂ ရက်တွင် ယူကရိန်း သမ္မတ ဗိုလိုဒီမြာ ဇယ်လင်စကီးကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က အားပေးခဲ့သည်ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ယူကရိန်းနှင့် ထိစပ်နေသော ရုရှားနယ်စပ်တွင် ရုရှားက စစ်သား ၁၀၀,၀၀၀ ခန့် စုစည်းထားခဲ့ရာမှ တင်းမာမှုများ ပေါ်ပေါက်လာချိန်တွင် ဘိုင်ဒင်က ရုရှားသမ္မတဗလာ ဒီမာပူတင်နှင့် တစ်လအတွင်း ဒုတိယအကြိမ် ဖုန်းပြောခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ဘိုင်ဒင်နှင့် ဇယ်လင်စကီးတို့ ဖုန်းပြောခဲ့ကြ ခြင်းဖြစ်သည်။
“ရုရှားက ယူကရိန်းကို ထပ်မံကျူးကျော်မည်ဆိုပါက အမေရိကန်ပြည်ထောင်စု၊ အ မေရိကန်ပြည်ထောင်စုရဲဲ့မဟာမိတ်တွေနဲ့ မိတ်ဖက်နိုင်ငံတွေက ပြတ်ပြတ်သားသား တုံ့0ပြန်သွားမယ်ဆိုတာကို သမ္မတဘိုင်ဒင်က ရှင်းလင်းပြောကြားခဲ့တယ်”ဟု သမ္မတနှစ်ဦး ဖုန်းစကားပြောပြီးနောက် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်တွင် အိမ်ဖြူတော်ပြောရေး ဆိုခွင့်ရှိသူ ယန်ဆာကီက ဖော်ပြခဲ့သည်။
အမေရိကန်ပြည်ထောင်စု၏ မမှိတ်မသုန်ထောက်ခံမှုအတွက် မိမိကျေးဇူးတင်သည်ဟု ဇယ်လင်စကီးက Twitter တွင် ရေးသားခဲ့ပြီး ဖုန်းပြောဆိုမှုသည် နှစ်နိုင်ငံ ဆက်ဆံရေး၏ ထူးခြားသော သဘောသဘာဝကို သက်သေပြနေသည်ဟု ဖော်ပြခဲ့သည်။
အဆင့်မြင့် အမေရိကန်နှင့် ရုရှားတာ ဝန်ရှိသူများသည် အကျပ်အတည်းပြဿနာကို ဆွေးနွေးရေးအတွက် ဇန်နဝါရီ ၉ ရက်နှင့် ၁၀ ရက်တွင် ဂျီနီဗာမြို့၌ တွေ့ဆုံရန် စီစဉ်ထားသည်။ ရုရှား-နေတိုးဆွေးနွေးပွဲများ၊ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့အစည်းတို့၏ အစည်းအဝေးကိုလည်း ပြုလုပ်သွားရန် ရှိနေသည်။
အဆိုပါ ဆွေးနွေးပွဲများမတိုင်မီ အကျပ်အတည်းဖြေလျှော့ရေး အစီအမံများကို ရုရှားဘက်က ချမှတ်ဆောင်ရွက်ရန်အရေးကြီးသည်ဟု ဘိုင်ဒင်က ပူတင်ကို ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၃၁ ရက်တွင် ပူတင်နှင့် ဖုန်းဆက်ပြောဆိုမှုကို ဆွေးနွေးရာတွင် ဘိုင်ဒင် က “ဒီနေရာမှာ လူသိရှင်ကြား စေ့စပ်ဆွေးနွေးတာကို ကျွန်တော်လုပ်မှာ မဟုတ်ပါဘူး။ သူ့အနေနဲ့ ယူကရိန်းကို ကျူးကျော်လို့မရဘူး ၊ကျူးကျော်လို့မရနိုင်ဘူးဆိုတာကို ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း အသိပေးပါတယ်လို့ ပြောခဲ့ပါတယ်”ဟု ပြောကြားခဲ့သည်။
“ရုရှားက ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ကျွန်တော်တို့ဘက်က ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှုတွေ လုပ်သွားမယ်၊ နေတိုး မဟာမိတ်နိုင်ငံတွေနဲ့အတူ ဥရောပမှာ ကျွန်တော်တို့တပ်တွေ ချထားတာကို တိုးမြှင့်သွား မယ်လို့ သမ္မတပူတင်ကို ကျွန်တော်ပြောကြားခဲ့ပါတယ်” ဟု ဒယ်လာဝဲတွင် အားလပ်ရက် အနားယူနေချိန်တွင် အမေရိကန်ခေါင်းဆောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။
ဒဏ်ခတ်အရေးယူမှုများ လုပ်ဆောင်ခြင်းက ပြင်ပနိုင်ငံများနှင့် လုံးလုံးလျားလျား မိတ်ပျက်မှုဆီဦးတည်သွားစေနိုင်ကာ ရုရှား-အနောက် ဆက်ဆံရေးများကို ဆိုးရွားစွာ ထိခိုက်စေလိမ့်မည်ဟု လွန်ခဲ့သော သီတင်းပတ်တွင် ပူတင်၏ ပြည်ပရေးရာအကြံပေးက သတင်းထောက်များကို ပြောကြားခဲ့သည်။
ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ခရိုင်းမီးယားကို ယူကရိန်းထံမှ သိမ်းယူခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်