
ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီက ဗလင်စီယာအသင်းနှင့်ပွဲမှ အသင်းတောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်၏အနီကတ်မှာ တရားမျှတမှုမရှိသဖြင့် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။
ဇန်နဝါရီ (၃) ရက်က ကစားခဲ့သည့် လာလီဂါပွဲစဉ် (၁၂) ပွဲကျန် ဗလင်စီယာ (၁-၂) ရီးယဲလ်မက်ဒရစ်ပွဲ၌ ရီးယဲလ်တောင်ပံတိုက်စစ်ကစားသမား ဗင်နီစီယပ်စ်သည် ပွဲချိန် (၇၉) မိနစ်တွင် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။
ဖြစ်စဉ်မှာ ဗလင်စီယာနောက်ခံကစားသမားများ၏ဖျက်ထုတ်မှုကြောင့် လဲကျရာမှပြန်ထရန် ကြိုးပမ်းနေသည့် ဗင်နီစီယပ်စ်ကို ဗလင်စီယာဂိုးသမား ဒီမီထရီယက်ဗ်စကီးက ပခုံးကိုတွန်းခဲ့ပြီး ရန်စခဲ့ရာ ဗင်နီစီယပ်စ်က ဒေါသတကြီးဖြင့် ဒီမီထရီယက်ဗ်စကီး၏မျက်နှာကို လက်နှစ်ဖက်ဖြင့် တွန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်ရပ်ကို ကွင်းလယ်ဒိုင် ဆီဇာဆိုတိုက VAR ပြန်ကြည့်ကာ ဗင်နီစီယပ်စ်အား တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။
ဗင်နီစီယပ်စ်သည် အနီကတ်ဖြင့် ထုတ်ပယ်ခံရချိန်တွင်လည်း ကွင်းလယ်ဒိုင်ကို အပြင်းအထန်စောဒတက်ခဲ့ရာ အသင်းဖော် ရူဒီဂါနှင့် ရီးယဲလ်နည်းပြအဖွဲ့ဝင်များက တားဆီးခဲ့ရပြီး အဝတ်လဲခန်းသို့ ဆွဲခေါ်ခဲ့ရသည်။
အဆိုပါပွဲစဉ်အပြီးတွင် ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ဗင်နီစီယပ်စ်အနေဖြင့် အနီကတ်မပြခံရသင့်ကြောင်းနှင့် ယင်းအနီကတ်အတွက် အယူခံဝင်သွားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီက ''ဗင်နီရဲ့အနီကတ်အတွက် ကျွန်တော်တို့ အယူခံဝင်သွားမှာပါ။ ကျွန်တော်တို့ကတော့ ဒါကို အနီကတ်လို့မထင်ပါဘူး။ ဒါက အဝါကတ်နှစ်ခုပါ။ ဗင်နီက အထုတ်ခံခဲ့ရပြီး အသင်းက အဲဒီအခက်အခဲကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်။ ကျွန်တော်တို့ အယူခံဝင်သွားမှာပါ။ လာလီဂါက လက်ခံ မလားတော့ မသိပါဘူး။ ဒီဖြစ်ရပ်ကို ဂိုးသမားက စခဲ့တာဖြစ်ပြီး ဗင်နီက သူ့ကို တွန်းခဲ့တာပါ။ တကယ်ဆိုရင် နှစ်ယောက်စလုံးကို အဝါကတ် ပြရမှာပါ။ ဗင်နီ ထောင်ချောက်ထဲဝင်ခဲ့တယ်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ သူက အကောင်းဆုံးတုံ့ပြန်ဖို့ ကြိုးစားခဲ့တာပါ''ဟုဆိုခဲ့သည်။
ရီးယဲလ်၏အယူခံ မအောင်မြင်ပါက ဗင်နီစီယပ်စ်အနေဖြင့် (၂)ပွဲမှ (၄)ပွဲအထိ ပွဲပယ်ခံရနိုင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်