
ယူကရိန်းကိုထိပါးခြင်းအတွက် အမေရိကန်၏ ပြင်းထန်သောတုံ့ပြန်မှုနှင့် ပတ်သက်၍ ဒီဇင်ဘာ ၃၀ ရက်တွင် သမ္မတဂျိုးဘိုင်ဒင် က ရုရှားသမ္မတ ဗလာမာပူတင်ကို သတိပေး ပြောကြားခဲ့ပြီး မော်စကိုဆန့်ကျင်ရေးဒဏ် ခတ်ပိတ်ဆို့မှုများသည် ကြီးမားသော အမှားတစ်ရပ်ဖြစ်လိမ့်မည်ဟု ရုရှားခေါင်းဆောင်များက ပြောကြားခဲ့ကြသည်။
သီတင်းသုံးပတ်ကျော်အတွင်း ဒုတိယအကြိမ် ဖုန်းပြောဆိုရာတွင် မိနစ် ၅၀ ကြာ ပြောဆိုခဲ့ကြပြီးနောက် သမ္မတနှစ်ဦးစလုံးက ရုရှားနှင့် အနောက်နိုင်ငံများက ကျောထောက်နောက်ခံပေးထားသော ယူကရိန်း တို့အကြား အခြေအနေတင်းမာနေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ နောက်ထပ် သံခင်းတမန်ခင်းအတွက် မိမိတို့ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။
သမ္မတပူတင်သည် သမ္မတဘိုင်ဒင်နှင့် ပြောဆိုခဲ့သည့်အချက်များကို ယေဘုယျအားဖြင့် အားရကျေနပ်ခဲ့သည်ဟု နိုင်ငံခြားရေးမူ ၀ါဒအကြံပေးယူရီအူရှာကော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆွေးနွေးပြောဆိုခဲ့သည့် အကြောင်းအရာများသည် အလေးအနက်ရှိပြီး ထိထိမိမိရှိသည်ဟု အမည်မဖော်လိုသူ အကြီးတန်းအမေရိကန် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်တွင် ရုရှားနှင့် အမေရိကန်တာဝန်ရှိသူများ အကြား တိုက်ရိုက်ဆွေးနွေးပွဲများ မတိုင်မီ အရှေ့ ဥရောပဝန်းကျင်၌ ကြောက်ဖွယ်လိလိ အန္တရာယ်ကြီးမားလျက်ရှိသည့် သဘောထားမ တိုက်ဆိုင်မှု၏ နက်ရှိုင်းပုံကို သမ္မတနှစ်ဦး ဖုန်းဆက်ဆွေးနွေးမှုများက ဖုံးဖိထား၍ မရခဲ့ပေ။
“ရုရှားက ယူကရိန်းကို နောက်ထပ် ထိပါးလာမယ်ဆိုရင် အမေရိကန်ပြည်ထောင်စု နဲ့မဟာမိတ်တွေက တိကျပြတ်သားတဲ့ အရေးယူမှုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ထုတ်ပြန်ခဲ့သည်။
ယူကရိန်းကျူးကျော်တိုက်ခိုက်မှုကို တုံ့ပြန်ရာတွင် အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှုများချမည်ဟု အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုမှုကို အူရှာကော့က ရည်ရွယ်ပြောဆိုရာတွင် “ဒါဟာ ကြီးမားတဲ့ အမှား တစ်ခုဖြစ်ပါတယ်။ အဲဒါ ဖြစ်မလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟုပြောကြားခဲ့သည်။
ရုရှားသည် ဇန်နဝါရီလတွင်ပြုလုပ်မည့် ဂျီနီဗာဆွေးနွေးပွဲတွင် ခိုင်မာသောရလဒ်ကို မျှော်လင့်နေသည် ၎င်းကပြောကြားခဲ့သော်လည်း အိမ်ဖြူတော်ကမူ အဆိုပါဆွေးနွေးပွဲ ရလဒ်ကို လက်တွေ့ဖော်ဆောင်သွားချင် သည်ဟုပြောကြားခဲ့သည်။
“ယခုဆွေးနွေးမှုတွေရဲ့ထိရောက်တဲ့ တိုးတက်မှုဟာ အရှိန်မြင့်တက်နေတဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်မလာနိုင်ဘဲ အရှိန်လျှော့ချနေတဲ့ ပတ်ဝန်းကျင်မှာပဲ ဖြစ်ပေါ်လာနိုင်ပါတယ်”ဘိုင်ဒင်က ထုတ်ပြန်ချက်တွင် ထပ် လောင်းဖော်ပြခဲ့သည်။
ရုရှားသည် ကျူးကျော်မှုပုံစံသစ်ဖြင့် ဆိုဗီယက်ယူနီယံဟောင်း ပိုင်နက်တစ်ခုဖြစ်ခဲ့သည့် ယူကရိန်းကို ခြိမ်းခြောက်နေသည်ဟု အမေရိကန်နှင့် ဥရောပမဟာမိတ်နိုင်ငံများက စွပ်စွဲခဲ့ကြသည်။ ယူကရိန်းနယ် စပ်အနီးတွင် ရုရှားစစ်သား ၁၀၀,၀၀၀ ခန့် ချထားသည်။ ရုရှားသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းပိုင် ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။ရုရှားအစိုးရသည် ၂၀၁၄ ခုနှစ်တွင် ယူကရိန်းအရှေ့ပိုင်း၌ ရုရှားလိုလား သောခွဲထွက်ရေးဝါဒီများကို အားပေးလှု့ံဆော်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်