
ဆန္ဒပြသူထောင်ပေါင်းများစွာက စစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများပြုလုပ်ရန် လုံခြုံရေးအတားအဆီးနှင့် ဆက်သွယ်ရေး ဖြတ်တောက်ထားမှုတို့ကို အာခံခဲ့သောကြောင့် ဒီဇင်ဘာ ၃၀ ရက်တွင် ဆူဒန်လုံခြုံ ရေးတပ်ဖွဲ့များက ဆန္ဒပြသူလေးဦးကို ပစ်သတ်ခဲ့သည်။
ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူများသည် အောက်တိုဘာလတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လမ်းပေါ်ထွက်ဆန္ဒပြမှုများကို နှစ်လကျော်အထိ ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
လုံခြုံရေးတပ်ဖွဲ့များ၏ ဖြိုခွင်းမှုများကြောင့် ဆန္ဒပြပွဲများနှင့် ဆက်စပ်နေသော အကြမ်းဖက်မှုများအတွင်း ယခုအခါ အနည်းဆုံး လူ ၅၂ ဦးသေဆုံးခဲ့သည်ဟု ဒီမိုကရေစီလှုပ်ရှားမှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်သော သီးခြားလွတ်လပ်သည့် ဆရာဝန်များကော်မတီက ထုတ်ပြန်ခဲ့သည်။
ဒီဇင်ဘာ ၃၀ ရက်တွင် လုံခြုံရေးတပ်ဖွဲ့များက အွန်ဒါမန်မြို့တွင် ဆန္ဒပြသူလေးဦးကို ကျည်ဆံအစစ်ဖြင့် ပစ်သတ်ခဲ့သည်ဟု ဆရာဝန်များကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ အွန်ဒါမန်သည် မြို့တော်ခါ တွန်၏ အမြွှာမြို့ဖြစ်သည်။ ထို့အပြင် လူအများအပြား ဒဏ်ရာရသွားခဲ့သည်ဟု ဆိုသည်။
“အင်အားသုံးဖြိုခွင်းသူတွေက ကျည်ဆန်အစစ်တွေအသုံးပြုနေကြပြီး လူနာတင်ယာဉ်တွေ လာလို့မရအောင်လုပ်နေတာကြောင့် အွန်ဒါမန်က အာဘိန်းဆေးရုံကို ဆရာဝန်တွေလာကြဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက် ဖော်ပြခဲ့သည်။
အာဏာပိုင်များက ပြည်တွင်းနှင့် ပြည်ပ ဖုန်းဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ထားသောကြောင့် ၎င်းတို့၏ ပန်ကြားချက်ကို ပြည်ပတွင်နေသော ဆူဒန်လူမျိုးများ၏ လူမှုမီဒီယာအကောင့်များတွင် တင်ပေးခဲ့ သည်။
ဆူဒန်တွင် မိုဘိုင်းအင်တာနက် ဆက်သွယ်ရေးကိုလည်း ဖြတ်တောက်ထားသည် ဟု အင်တာနက်စောင့်ကြည့်ရေးအုပ်စု NetBlocks ကပြောကြားခဲ့သည်။
မိမိတို့၏ခါတွန်ရုံးကို လုံခြုံရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့သောကြောင့် ဆော်ဒီဂျာ နယ်လစ်များ ဒဏ်ရာရခဲ့သည်ဟု ဆော်ဒီရုပ်သံ Al-Arabiya ကပြောကြားခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့များသည် စစ်တပ်ဆန့်ကျင်ရေး ဆန္ဒပြပွဲသတင်းများကို မိမိတို့ သတင်းထောက်များ ရေးသားခြင်းကို တားမြစ်ထားကြောင်း နောက်ထပ်ဆော်ဒီရုပ်သံလိုင်းတစ်ခုုဖြစ်သည့် ASharq ကဖော်ပြခဲ့သည်။
မည်သို့ဆိုစေ ဆန္ဒပြသူထောင်ပေါင်းများစွာသည် မျက်ရည်ယိုဓာတ်ငွေ့များကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ကာ “စစ်အုပ်ချုပ်ရေး အလိုမရှိ” ဟု ကြွေးကြော်ခဲ့ကြကာ ဆူဒန်နိုင်ငံတစ်ဝန်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။ ထို့အပြင် အရပ်သားအစိုးရသို့ ကူးပြောင်းရန်လည်း ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
ဒီဇင်ဘာ ၃၀ ရက် အစောပိုင်းတွင် ဆန္ဒပြသူများသည် အောက်တိုဘာ ၂၅ ရက်တွင် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးအဗ္ဗဒယ် ဖတာ့အယ်ဘာဟန်၏ ရုံးချုပ်ဖြစ်သည့် သမ္မတနန်းတော်ဝင်းနှင့် မီတာရာဂဏန်းအ ကွာကို ရောက်ရှိလာခဲ့ကြသည်။
စစ်သားများ၊ ရဲများနှင့် စစ်ရဲများက လူအုပ်များထဲသို့ မျက်ရည်ယိုဓာတ်ငွေ့ဘူးများ ပစ်ထည့်ခဲ့ကြသည်။
“တော်လှန်းရေး ဆက်လက်ဆင်နွှဲမယ” ဟု ဆန္ဒပြသူများက ကြွေးကြော်ခဲ့ကြသည်။ ၎င်းတို့က ဒရမ်များတီးခြင်း၊ အလံများဝှေ့ယမ်းခြင်းဖြင့် တော်လှန်ရေးဆက်လုပ်သွားမည်ဟု ကြွေးကြော်ခဲ့ကြခြင်းဖြစ်သည်။
မြို့တော်ခါတွန်တစ်ဝန်းတွင် လုံခြုံရေးတပ်ဖွဲ့များကို ချထားပြီး နိုင်းလ်မြစ်ကူးတံတား များကိုလည်း ပိတ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်