Top News

သြစတြေးလျတွင် ၂၀၂၂ ခုနှစ်ကို COVID-19 စံချိန်တင်ကူးစက်မှုဖြင့် စတင်
24htopnews | January 6, 2025 5:12 PM CST

သြစတြေးလျနိုင်ငံ အရှေ့ပိုင်း ပြည်နယ်များတွင် COVID-19 ကူးစက်ခံရသူဦးရေ မြင့်တက်လာပြီး နယူးဆောက်ဝေးလ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်လာခြင်းနှင့် အတူဆေးရုံတက်ရောက် ကုသမှုခံယူသူအရေအတွက် မြင့်တက်လာသောကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ထမ်းများအတွက် ၎င်း၏သီးသန့်နေထိုင်သည့် စည်းမျဉ်းများကို ဖြေလျှော့လိုက်ချိန်တွင် သြစတြေးလျနိုင်ငံသည် ၂၀၂၂ ခုနှစ်ကို နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် စံချိန်တင်ကူးစက်မှုဖြင့် စတင်ခဲ့သည်။

လူဦးရေအထူထပ်ဆုံး နယူးဆောက် ဝေးလ်ပြည်နယ်နှင့် ဗစ်တိုးရီးယားပြည်နယ်တို့တွင် ဇန်နဝါရီ ၁ ရက်က နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၂,၅၇၇ ဦးရှိပြီး ပြည်နယ်တစ်ခုချင်းစီတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၄၄၂ ဦးစီရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် စာရင်းတွင် ဖော်ပြထားသည်။

နယူးဆောက်ဝေးလ်ပြည်နယ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ လေးဦးရှိပြီး ဗစ်တိုးရီးယားပြည်နယ်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ကိုးဦးရှိခဲ့သောကြောင့် သြစတြေးလျတွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂,၂၅၀ ကျော်ရှိလာခဲ့သည်။

တောင်သြစတြေးလျ၊အနောက် သြစတြေးလျနှင့် မြောက်ပိုင်းနယ်မြေများတွင် ဗိုင်းရပ်ကူးစက်ခံရသူအရေအတွက် မထုတ်ပြန်ရသေးခင် အချိန်ထိတိုင် ကွင်းစ်လန်း၊ တက်စ်မေးနီးယားနဲ့  Australian Capital နယ်နိမိတ်က ကူးစက်မှုဖြစ်စဉ်များအပါအဝင် ဇန်နဝါရီ ၁ ရက်က နေ့အလိုက်ကူးစက်ခံရသူ ၃၃,၁၆၁ ဦး စံချိန်တင် မြင့်တက်ခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်က ကူးစက်ခံရသူ ၃၂,၉၄၆ ဦးရှိသည့် အတွက် ကူးစက်ခံရသူ မြင့်တက်ခဲ့သည်။

အနောက်သြစတြေးလျမှလွဲ၍ သြစတြေးလျပြည်နယ်အားလုံးတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်တက်ခဲ့ပြီးနောက်ဗိုင်းရပ်စ်နှင့်အတူ ယှဉ်တွဲနေထိုင်မှုကို စတင်ခဲ့ပြီး ကန့်သတ်ချက်စည်းမျဉ်းများကို ဖြေလျှော့ခဲ့သည့်အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ပိုမိုမြင့်တက်လာခဲ့သည်။

နယူးဆောက်ဝေးလ်အစိုးရက ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရောဂါလက္ခဏာမပြသည့် ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများအတွက် သီးသန့် ခွဲနေထိုင်သည့် စည်းမျဉ်းများကို ပြောင်းလဲခဲ့ပြီး အကယ်၍ ယင်းအခြေအနေနှင့်ကြုံတွေ့ရသည့် ကျန်းမာရေးဝန်ထမ်းသည် လုပ်ငန်းခွင်အတွက် မရှိမဖြစ်လိုအပ်သည်ဟု ယူဆလျှင် ထိုဝန်ထမ်းကို ကင်းလွတ်ခဲ့ပေးခဲ့ခြင်း ဖြစ်သည်။

နယူးဆောက်ဝေးလ်ပြည်နယ်တွင် ခရစ္စမတ်နေ့မှစ၍ သီတင်းတစ်ပတ်ကျော်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ ၆,၂၈၈ ဦးမှ သုံးဆကျော် မြင့်တက်လာခဲ့သည်။

COVID-19 ကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူသူ ဦးရေမှာလည်း ၃၈၈ဦး မှ ၉၀၁ ဦးအထိ နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် လူနာအရေအတွက်မှာလည်း ၇၉ ဦးမှ ၅၀ ရာခိုင်နှုန်း ဝန်းကျင် မြင့်တက်လာခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုများမြင့်တက်နေပြီး နိုင်ငံသည် သဘာဝတရား၏ စိန်ခေါ်မှုပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့်တိုင် သြစတြေးလျဝန်ကြီးချုပ်က “ကပ်ရောဂါ၊ ရေကြီးမှု၊ မီးလောင်မှုနဲ့ တစ်ချို့နေရာတွေမှာ မိုးခေါင်မှုတွေ၊ ဆိုက်ကလုန်းတွေ၊lock down တွေနဲ့ပလိပ်ရောဂါတွေ ဖြစ်ပွားနေသည့်တိုင် သြစ တြေးလျဟာအရင်နှစ်ကထက် အခုချိန်မှာ ပိုမိုသန်မာနေပါတယ်။ကျွန်တော်တို့တွေ ဘေးကင်းလုံခြုံပါတယ်”ဟု နှစ်သစ်ကူးမိန့် ခွန်းတွင်ပြောကြားခဲ့သည်။   


READ NEXT
Cancel OK