
တရုတ်နိုင်ငံရှိ COVID-19 ချထားသော ရှီအန်းမြို့တွင် နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် ကျဆင်းလာသည်ဟု တရားဝင် ထုတ်ပြန်ချက်တွင် ဇန်နဝါရီ ၃ ရက်က ဖော်ပြထားသော်လည်း ဒေသတွင်းအာဏာပိုင်များက ၎င်းတို့၏ COVID-19 တိုက်ဖျက်ရေးကို ပိုမိုအားကောင်းလာစေရန်အတွက် အကြီးတန်း တာဝန်ရှိသူနှစ်ဦးကို ရာထူးမှဖယ်ရှားခဲ့သည်။
တရုတ်ပြည်မကြီးအစိုးရက COVID-19 ကူးစက်ခံရသူ တစ်ဦးမှ မရှိစေရဟူသည့် လုပ်ဆောင်ချက်အတွက် ဗိုင်းရပ်စ်ပထမဆုံး စတင်ပေါ်ပေါက်လာချိန်ကတည်းက နယ်စပ် စည်းမျဉ်းများကို တင်းကျပ်ခဲ့ပြီး COVID-19 စည်းမျဉ်းများကို ချမှတ်ခဲ့သော်လည်း ယင်းမဟာဗျူဟာသည် မကြာသေးမီက ဒေသတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှင့်အတူ ဖိအားများသက်ရောက်လာစေခဲ့သည်။
နိုင်ငံမြောက်ပိုင်း ရှီအန်းမြို့သည် ကိုရို နာဗိုင်းရပ်စ် နောက်ဆုံးကူးစက်မှုဗဟိုချက် ဖြစ်လာခဲ့ပြီး ဒေသခံ ၁၃ သန်းအား နေအိမ်များတွင်သာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ထားပြီး မကြာသေးမီ သီတင်းပတ်ပေါင်းများ စွာအတွင်း ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း ရှိ၊ မရှိစစ်ဆေးမှုများကို အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။
ရှီအန်းမြို့တွင် ဇန်နဝါရီ ၂ ရက်ကနေ့ အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂၂ ဦးရှိခဲ့ ရာမှ ဇန်နဝါရီ ၃ ရက်တွင် ၉၀ ဦးအထိကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၉ ရက်ကတည်းက ယင်း မြို့တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁,၆ဝဝကျော် ရှိသည်။
“ကျွန်တော်တို့ဟာ ယေဘုယျတိုက်ခိုက်မှု အခြေအနေတစ်ခုကို ရောက်ရှိလာပါတယ်” ဟု ပြည်နယ်တာဝန်ရှိသူ လူဂိုကျောင်ကပြောကြားခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် ကင်းစင်တဲ့လူ့အဖွဲ့အစည်းရည်မှန်းချက်ကို အမြန်ဆုံးရောက် ရှိလာစေရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။
ဇန်နဝါရီ ၂ ရက်က ယန်တာခရိုင်မှအကြီးတန်း ကွန်မြူနစ်ပါတီတာဝန်ရှိသူနှစ်ဦး ကို ရာထူးများမှ ဖယ်ရှားခဲ့ကြောင်း ရှီအန်းမြို့က ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းဒေသတွင် ကူးစက်ရောဂါ ကာကွယ်ရေးနှင့်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန်အတွက် ယခုကဲ့သို့ ရာထူးများမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်ဟုဆိုသည်။
ပြီးခဲ့သည့်လကလည်း တရုတ်နိုင်ငံ၏ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့သည် ရောဂါဖြစ်ပွားမှုကို ကာကွယ် ထိန်းချုပ်ရာတွင် လုံလောက်သည့် တင်းကျပ်မှု မရှိသည့်အတွက် ဒါဇင်နှင့်ချီသည့် တာဝန်ရှိသူများကိုအပြစ် ပေးခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တရုတ်အာဏာပိုင်များက ၎င်းတို့သည် တည်ငြိမ်သော ထောက်ပံ့မှုများရရှိစေရန် လုပ်ဆောင်နေသည်ဟု ခုခံကာကွယ်ပြောကြားခဲ့သော်လည်း ဒေသခံများက ၎င်းတို့အနေဖြင့် လုံလောက်သော အစားအစာရရှိနိုင်ရန် ရုန်းကန်နေရသည်ဟု မကြာသေးမီရက်များအတွင်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအရေအတွက်သည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်များစွာ လျော့နည်းသော်လည်း မကြာသေးမီရက်များအတွင်း ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်အသစ်များ သည် ၂၀၂၀ ခုနှစ် မတ်လနောက်ပိုင်းမကြုံစဖူး အမြင့်ဆုံးအခြေအနေအထိရောက်ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်