Top News

ရီးယဲလ်သို့ ရောက်ရှိတော့မည်ဟု သတင်းကြီးနေသည့် အာနိုးလ်ကို (၅)နှစ်စာချုပ်အတွက် ပေါင်(၇၈)သန်း တန်ကြေးရှိသည့် ကမ်းလှမ်းမှု လီဗာပူးလ် ပြုလုပ်ခဲ့
24htopnews | January 6, 2025 4:12 PM CST

လီဗာပူးလ်အသင်းသည် ရီးယဲလ်အသင်းသို့ ရောက်ရှိတော့မည်ဟု သတင်းကြီးနေသည့် အင်္ဂလန်နောက်ခံလူ အာနိုးလ်ကို (၅)နှစ်စာချုပ်အတွက် ပေါင်(၇၈)သန်းတန်ကြေးရှိသည့် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း Mirror သတင်းစာက ဖော်ပြခဲ့သည်။

အာနိုးလ်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည့်အတွက် ယခုလအတွင်း ပြောင်းရွှေ့လိုသည့်အသင်းနှင့် သဘောတူညီမှုရယူထားခွင့်ရှိနေသည်။

ထို့ကြောင့် ရီးယဲလ်အသင်းနှင့် သဘောတူညီမှုမရရှိမီ လီဗာပူးလ်အသင်းက လစာနှုန်းထားအသစ်ဖြင့် နှစ်ရှည်စာချုပ်သစ် ပြင်ဆင်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လီဗာပူးလ်အသင်းက အာနိုးလ်ကို တစ်ပတ်လုပ်ခပေါင် (၃၀၀၀၀၀)အထိ တိုးမြှင့်ပေးပြီး (၅)နှစ်စာချုပ်ချုပ်ဆိုရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး အဆိုပါလစာနှုန်းထားအရဆိုပါက ပေါင်(၇၈)သန်း တန်ကြေးရှိမည်ဟု သိရသည်။

ရီးယဲလ်အသင်းက အာနိုးလ်ကို တစ်ပတ်ပေါင်(၃၀၀၀၀၀)ပေးရန် စီစဉ်ထားကြောင်း သတင်းထွက်လာသည့်အတွက် လီဗာပူးလ်အသင်းက အဆိုပါလစာနှုန်းထားအတိုင်း ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

နီးစပ်သူများကမူ အာနိုးလ်သည် ရီးယဲလ်သို့သာ ပြောင်းရွှေ့လိမ့်မည်ဟု သုံးသပ်ထားသည်။


READ NEXT
Cancel OK