
အင်တာမီလန် - အေစီမီလန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၁း၃၀ နာရီ)
လက်ရှိ အင်တာမီလန်အသင်း Form က အတော်လေးကောင်းနေတယ်။ ပြိုင်ပွဲစုံ ငါးပွဲဆက် အနိုင်ကစားခဲ့ရာမှာ ငါးပွဲစလုံး Clean Sheet ရခဲ့တယ်။ စီးရီးအေ ပထမအကျော့ အေစီမီလန်ကို အရေးနိမ့်ပြီးကတည်းက အင်တာမီလန်အသင်း ပြိုင်ပွဲစုံ ၁၉ ပွဲမှာ ရှုံးပွဲတစ်ပွဲပဲ ရှိခဲ့တယ်။ အေစီမီလန်ကတော့ နည်းပြသစ်နဲ့ ပွဲဦးထွက်မှာ တာထွက်ကောင်းထားတယ်။ စိတ်ပိုင်းဆိုင်ရာအရ ယုံကြည်မှု မြင့်တက်လာပေမဲ့ အင်တာမီလန်ကို အနိုင်ယူနိုင်လောက်တဲ့အထိ အင်အားမျိုး မရှိနိုင်သေးဘူး။ စူပါဖလားမှာ သုံးနှစ်ဆက်ဗိုလ်စွဲထားတဲ့ အင်တာမီလန်ပဲ ဗိုလ်စွဲလိမ့်မယ်။
မင်နဲရာ နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် တနင်္လာည ၁၂း၃၀ နာရီ)
စပိန်စတုတ္ထတန်းကလပ် မင်နဲရာအနေနဲ့ ရီးယဲလ်မက်ဒရစ်လို ထိပ်တန်းအသင်းကြီးကို အိမ်ကွင်းမှာ လက်ခံကစားရတာကိုက အောင်မြင်မှုလို့ ပြောနိုင်ပါတယ်။ မင်နဲရာအနေနဲ့ စပိန်စတုတ္ထတန်းမှာ အဆင့် (၈) နေရာမှာ ရပ်တည်နေပြီး ခြေစွမ်း မဆိုးပေမဲ့ စပိန်ဘီလူးကြီး ရီးယဲလ်ကိုတော့ အဘက်ဘက်က ယှဉ်နိုင်စရာအကြောင်း မရှိပါဘူး။ ရီးယဲလ်နည်းပြ အန်ဆယ်လော့တီအနေနဲ့ ဒီပွဲအပြီး သုံးရက်အကြာမှာ မာယော့ကာနဲ့ လာလီဂါပွဲကစားရမှာဖြစ်လို့ အရန်ကစားသမားတွေနဲ့ လူငယ်တွေကိုပဲ ပွဲထုတ်ဖို့ ရှိပါတယ်။ ဒါပေမဲ့ အဆင့်အတန်း အရမ်းကွာနေလို့ ရီးယဲလ်ပဲ ဂိုးပြတ်နိုင်မှာပါ။
ဝုလ်ဗ် နှင့် နော်တင်ဟမ် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
နော်တင်ဟမ်ဖောရက်စ်အသင်း မန်စီးတီးအသင်းကို အရေးနိမ့်ပြီးကတည်းက (၅)ပွဲဆက်တိုက် အနိုင်ကစားခဲ့တယ်။ ဒီ(၅)ပွဲမှာ မန်ယူနိုက်တက်၊ အက်စတွန်ဗီလာနဲ့ စပါးအသင်းတို့ကို အနိုင်ကစားခဲ့တဲ့ပွဲတွေလည်း ပါဝင်ခဲ့တယ်။ ဝုလ်ဗ်ကလည်း နည်းပြသစ်လက်ထက် အဖွင့်ကောင်းနေတယ်လို့ ပြောရမယ်။ ဒီတစ်ပွဲတော့ နော်တင်ဟမ် နိုင်ပွဲဆက်နေမှု ရပ်တန့်သွားနိုင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်