
ဘာစီလိုနာကစားသမားများဖြစ်သည့် အော်လ်မိုနှင့် ပါအူဗစ်တာတို့သည် လာလီဂါတွင် မှတ်ပုံတင်နိုင်ခြင်းမရှိသည့်အတွက် အသင်းဥက္ကဋ္ဌ လာပေါ်တာကို ဒေါသထွက်နေကြောင်း သိရသည်။
အော်လ်မိုနှင့် ပါအူဗစ်တာတို့ နှစ်ဦးစလုံးသည် မှတ်ပုံတင်နိုင်ခြင်းမရှိသည့်အတွက် ယခုရာသီလက်ကျန်ပွဲစဉ်များကို ကစားနိုင်တော့မည်မဟုတ်ဘဲ အနာဂတ်မှာလည်း မရေမရာ ဖြစ်နေသည်။
ဘာစီလိုနာအသင်းအနေဖြင့် အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို ၂၀၂၄ ဒီဇင်ဘာလ (၃၁) ရက်တွင် နောက်ဆုံးထားမှတ်ပုံတင်ရမည်ဖြစ်သော်လည်း ဘဏ္ဍာရေးစည်းမျဉ်းကြောင့် လာလီဂါ၏ပယ်ချခြင်း ခံခဲ့ရသည်။
ယင်းနောက် ဘာစီလိုနာအသင်းသည် ၎င်းတို့ကိုမှတ်ပုံတင်နိုင်ရန် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ထံ အယူခံဝင်ခဲ့သော်လည်း ပယ်ချခံခဲ့ရကြောင်း သိရသည်။
AS ၏ဖော်ပြချက်အရ အော်လ်မိုနှင့် ပါအူဗစ်တာတို့သည် ၎င်းတို့အား အချိန်မီမှတ်ပုံတင်ပေးမည်ဟု ကတိပေးထားသည့် အသင်းဥက္ကဋ္ဌ လာပေါ်တာအပေါ် ဒေါသထွက်နေကြောင်း သိရသည်။
ဘာစီလိုနာပရိသတ်အချို့ကလည်း လာပေါ်တာကို အသင်းဥက္ကဋ္ဌရာထူးမှ နုတ်ထွက်ရန် တောင်းဆိုနေကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်