
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရထားသည့် ၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ်ခြေစစ်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲ ကစားခွင့်မရဘဲ လေ့ကျင့်မှုပြုလုပ်ပြီးသာ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ခြေစစ်ပွဲမတိုင်မီ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းအား နိုင်ငံတကာ ခြေစမ်းပွဲကစားနိုင်ရန် ကြိုးပမ်းသော်လည်း အဆင်မပြေသဖြင့် လေ့ကျင့်မှုပြုလုပ်ပြီးသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်က ကိုင်တွယ်လျက်ရှိပြီး ပဏာမကစားသမား ၁၉ ဦးဖြင့် ဒီဇင်ဘာလလယ်ပိုင်းကတည်းက စခန်းဝင်လေ့ကျင့်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် နိုဝင်ဘာတွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် ၂၀၂၄ အာဆီယံ အမျိုးသမီးဖူဆယ်ချန်ပီယံ ရှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးနောက် နှစ်လနီးပါးအကြာတွင် ဒုတိယမြောက်နိုင်ငံတကာပြိုင်ပွဲ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ ယင်းပြိုင်ပွဲယှဉ်ပြိုင်သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ကိုင်တွယ်ခဲ့သော်လည်း အာရှဖလားခြေစစ်ပွဲအတွက် မလေ့ကျင့်မီ ရက်ပိုင်းအလိုမှာပင် နည်းပြချုပ်နေရာ ပြောင်းလဲပြီး မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူနေသည့် ထိုင်းနိုင်ငံသား ဘန်လက်ချာယိုဝန်ကို ပူးတွဲတာဝန်ပေးခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်းသည် အာဆီယံအမျိုးသမီးဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲမတိုင်မီက ထိုင်းနိုင်ငံသို့သွားရောက်၍ ခြေစမ်းပွဲတစ်ပွဲသာ ကစားဖူးပြီး ယခုအာရှ ဖလားခြေစစ်ပွဲမတိုင်မီတွင်လည်း ခြေစမ်းပွဲ ကစားခွင့်မရဘဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
၂၀၂၅ အာရှဖလား အမျိုးသမီးဖူဆယ် ခြေစစ်ပွဲကို အုပ်စုလေးခုခွဲ၍ ကျင်းပမည်ဖြစ် ပြီး မြန်မာအသင်းသည် အုပ်စု (D) တွင် ဗီယက်နမ်၊ တရုတ်တိုင်ပေ၊ မကာအိုတို့နှင့် ကျရောက်နေသည်။ အုပ်စု (D) ပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ခွင့်ရထားပြီး ဇန်နဝါရီ ၁၅ ရက်မှ ၁၉ ရက် အထိ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ပြုလုပ်မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဖူဆယ်အသင်း၏ နိုင်ငံတကာပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခြင်းဖြစ်သည်။
အုပ်စု (D) ပွဲစဉ်များအဖြစ် ဇန်နဝါရီ ၁၅ ရက်တွင် တရုတ်တိုင်ပေအသင်းနှင့် မကာအိုအသင်း၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊ ဇန်နဝါရီ ၁၇ ရက်တွင် ဗီယက်နမ်အသင်းနှင့် မကာအိုအသင်း၊ မြန်မာအသင်းနှင့် တရုတ်တိုင်ပေအသင်း၊ ဇန်နဝါရီ ၁၉ ရက်တွင် ဗီယက်နမ်အသင်းနှင့် တရုတ်တိုင်ပေအသင်း၊ မြန်မာအသင်းနှင့် မကာအိုအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ခြေစစ်ပွဲကျင်းပမည့်ပုံစံအရ အုပ်စု တစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီနှင့် တတိယနေရာရအသင်းများအနက် အကောင်းဆုံးတစ်သင်း စုစုပေါင်း ကိုးသင်း ခြေစစ်ပွဲအောင် မြင်မည်ဖြစ်သည်။ မြန်မာအမျိုးသမီးဖူဆယ် အသင်းသည် အာရှဖလားဖူဆယ်ပြိုင်ပွဲတွင် ပထမဆုံးအကြိမ် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်