Top News

အိုဆင်မန်အား ခေါ်ယူရန်အတွက် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အလိုက်ပေးကမ်းလှမ်းရန် မန်ယူအသင်း ပြင်ဆင်
24htopnews | January 6, 2025 2:12 AM CST

 

မန်ယူအသင်းသည် တူရကီကလပ် ဂါလာတာစာရေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အားခေါ်ယူရန်အတွက် အသင်းတိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း  သိရသည်။ 

အသက် ၂၇ နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်သည် ဒီဇင်ဘာ ၁၅ ရက်က မန်စီးတီးအသင်းကိုအ နိုင်ရသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် အသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် ၎င်းအနေဖြင့် စိန်ခေါ်မှုသစ်များကို ရင်ဆိုင်ရန်အသင့် ဖြစ်နေပြီဟု အင်တာဗျူးတွင် ပြောကြားခဲ့သည်။ 

ယင်းအင်တာဗျူးထွက်ပေါ်လာပြီး နောက် ရပ်ရှ်ဖို့ဒ်သည် မန်ယူအသင်းအတွက်  ကစားရခြင်း မရှိသေးပေ။ ထို့ပြင် ရပ်ရှ်ဖို့ဒ်နှင့် အသင်းနည်းပြ အာမိုရင်မ်တို့အကြား ဆက်ဆံရေးအဆင်မပြေဖြစ်နေပြီ ရပ်ရှ်ဖို့ဒ်အနေဖြင့် ယခုဇန်နဝါရီတွင် အသင်းမှထွက်ခွာဖွယ်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။

ယခုအခါ မန်ယူအသင်းသည် တူရကီကလပ် ဂါလာစာရေးအသင်းတွင် တစ်ရာသီအငှားဖြင့် သွားရောက်ကစားနေသည့် နာပိုလီတိုက်စစ်မှူး အိုဆင်မန်အား ခေါ်ယူရန် ပစ်မှတ်ထားနေပြီး ၎င်းအတွက် ရပ်ရှ်ဖို့ဒ်ကို အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်လျက်ရှိ ကြောင်း The Sun က ဖော်ပြခဲ့သည်။ နာပိုလီအသင်းသည် အသင်းနှင့် ၂၀၂၆ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆင်မန်အား ယခုဇန်နဝါရီတွင် ရောင်းထုတ်လိုနေပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၃ အလိုရှိနေ ကြောင်း သိရှိရသည်။ 

The Sun ၏ ဖော်ပြမှုအရ မန်ယူအသင်းသည် အိုဆင်မန်အတွက် နာပိုလီအသင်း တောင်းဆိုသည့်စျေးကို ပေးချေရန်အသင့် ရှိနေပြီး ပြောင်းရွှေ့ကြေးလျှော့ချရန်အတွက် ရပ်ရှ်ဖို့ဒ်အား အလိုက်ပေးကမ်းလှမ်းလိုနေကြောင်း သိရှိရသည်။ မန်ယူအသင်းသည် ရပ်ရှ်ဖို့ဒ်ကို ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး အိုဆင်မန်အတွက် ရပ်ရှ်ဖို့ဒ်အပြင် ပေါင် ၂၃ သန်း အလိုက်ပေးကမ်းလှမ်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါအ ပြောင်းအရွှေ့သာ ဖြစ်ပေါ်ခဲ့ပါက ရပ်ရှ်ဖို့ဒ် အနေဖြင့် နာပိုလီအသင်းတွင် မန်ယူအသင်းဖော်ဟောင်းများဖြစ်သည့် လူကာကူ၊ တွမ်မီနေးတို့နှင့် ပြန်လည်တွဲဖက်ကစားခွင့်ရမည် ဖြစ်သည်။ ရပ်ရှ်ဖို့ဒ်ကို ခေါ်ယူရန် ပြင်သစ်ထိပ်သီး PSG အသင်းကလည်း စိတ်ဝင်စားနေကြောင်း သတင်းထွက်ပေါ်နေသည်။ 


READ NEXT
Cancel OK