Top News

တရုတ်တွင် ကိုဗစ်ကပ်ရောဂါပြီးနောက် ငါးနှစ်အကြာ၌ ကူးစက်မြန်ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့နေ
24htopnews | January 5, 2025 8:12 PM CST

တရုတ်နိုင်ငံတွင် Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာ၌ ကူးစက်မြန် human metapneumovirus (HMPV) ဗိုင်းရပ်စ်အသစ်တစ်မျိုး ပျံ့နှံ့လျက်ရှိကြောင်း သိရသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော သတင်းများနှင့် ပို့စ်များအရ ဗိုင်းရပ်စ်သည် အလွန်ကူးစက်မြန်ပြီး ဆေးရုံများနှင့် မီးသင်္ဂြိုဟ်သည့် နေရာများတွင် ဝန်ပိလျက်ရှိကြောင်း ဖော်ပြထားသည်။

အွန်လိုင်းတွင် ပျံ့နှံ့နေသော ဗီဒီယိုများအရ ဆေးရုံများတွင် လူနာများ ပြည့်နေပြီး အွန်လိုင်းအသုံးပြုသူအချို့က ရာသီတုပ်ကွေး၊HMPV၊ Mycoplasma ကပ်ပါးပိုးကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါနှင့် ကိုဗစ်ရောဂါအပါအဝင် ဗိုင်းရပ်စ်အများအပြား ကူးစက်ပျံ့နှံ့နေသည်ဟု ဆိုကြသည်။

တရုတ်တွင် အရေးပေါ်ကျန်းမာရေးအခြေအနေ ကြေညာထားသည်ဟု ပြောဆိုမှုများရှိနေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။

HMPV ဗိုင်းရပ်စ်ကူးစက်ခံရသူသည် တုပ်ကွေးနှင့် ကိုဗစ်ရောဂါနှင့် ဆင်တူသည့် ရောဂါလက္ခဏာများ ဖြစ်ပေါ်ခံစားရနိုင်သည်ဟုဆိုသည်။ ဗိုင်းရပ်စ်ပျံ့နှံ့နေချိန် ကျန်းမာရေးတာဝန်ရှိသူများက အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိသည်။

အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနကမူ အိန္ဒိယအနေဖြင့် တရုတ်တွင် HMPV ကူးစက်ပျံ့နှံ့နေသည့် သတင်းများနှင်ပတ်သက်ပြီး အခြေအနေကို စောင့်ကြည့်လျက်ရှိသည်ဟု ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

"တရုတ်မှာ HMPV ကူးစက်ပျံ့နှံ့နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်ဖြစ်ပွားမှုအချက်အလက်တွေကို စိစစ်သုံးသပ်နေပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာအထိ ရထားတဲ့အချက်အလက်တွေအရ ရောဂါဖြစ်ပွားသူ သိသိသာသာ တိုးလာခြင်းမရှိသလို သတိပေးချက် ထုတ်ပြန်ရလောက်တဲ့ အခြေအနေမရှိပါဘူး"ဟု ကျန်းမာရေးဌာန ညွှန်ကြားရေးမှူးချုပ် အတူဂိုရယ်က ပြောကြားခဲ့သည်။

■Ref: NDTV/ Times of India


READ NEXT
Cancel OK