
အဆိုတော် တေလာဆွစ်သည် ဒီဇင်ဘာ ၁၃ ရက်တွင် နယူးယောက်ရှိ Madison Square Garden ၌ ပြုလုပ်သည့် Jingle Ball ဖျော်ဖြေပွဲတွင် ပရိသတ်အကြိုက်သီချင်းများ ဖျော်ဖြေခဲ့ပြီး ၎င်း၏ အသက် ၃၀ ပြည့်မွေးနေ့ကို ဆင်နွှဲခဲ့သည်။
ဆွစ်သည် Blank Space ၊ ME! ၊ Welcome to New Youk သီချင်းများအပါအဝင် ဆယ်စုနှစ်တစ်ခုအတွင်း အောင်မြင်ခဲ့သည့် သီချင်းများဖြင့် ဖျော်ဖြေခဲ့သည်။ ဒီဇင်ဘာ ၆ ရက်က ဖြန့်ချိခဲ့သည့် ခရစ်စမတ်သီချင်းသစ် Christmas Tree Farm ကိုလည်း ဆွစ်က ယင်းဖျော်ဖြေပွဲတွင် ပထမဆုံးအကြိမ် ဖျော်ဖြေခဲ့သည်။
Madison Square Garden တွင်ပြုလုပ်သည့် ယင်းဖျော်ဖြေပွဲသည် အသက် ၃၀ ပြည့်တွင် ပထမဆုံးပြုလုပ်သည့် ဖျော်ဖြေမှုလည်း ဖြစ်သည်ဟု ဆွစ်က ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၂ ရက်တွင် လော့စ်အိန်ဂျလိစ်၌ ပြုလုပ်ခဲ့သည့် Billboard ၏ Woman in Music 2019 ဆုပေးပွဲသည် ဆွစ်အတွက် အသက် ၂၉ နှစ်အရွယ်တွင် နောက်ဆုံးရရှိခဲ့သည့် ဆုတစ်ဆုဖြစ်ခဲ့သည်။ ဆွစ်သည် ယင်းဆုပေးပွဲတွင် Woman of the Decade ဆုကို ရရှိခဲ့သည်။
ဆွစ်သည် ၎င်း၏ ဂီတအတွက် မူပိုင်ခွင့်နှင့်ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်နေရမှုအကြောင်းကို ယင်းဆုပေးပွဲတွင် ပြောကြားခဲ့သည်။
“ ဒီဆယ်စုနှစ် စတဲ့အချိန်မှာ ကျွန်မ အသက်က ၂၀ ရှိပြီ။ ကျွန်မ အသက် ၁၆ နှစ် မှာ ပွဲဦးထွက် အယ်လ်ဘမ် Taylor Swift ကို ဖြန့်ချိခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ ကျွန်မအ တွက် အရမ်းကို အောင်မြင်ခဲ့တဲ့ Fearless အယ်လ်ဘမ်ကို ဖြန့်ချိခဲ့တယ်။ လူတချို့က ဂီတလောကမှာ အမျိုးသမီးတစ်ဦးရဲ့ အောင်မြင်မှု ကင်းကွာသွားဖို့ကို လိုလားကြတယ်။ ဂီတလောကမှာ ဆယ်စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီးတဲ့အချိန်မှာ ကျွန်မကို ရှုတ်ချ ပုတ်ခတ်သူတွေအတွက် မှန်တစ်ချပ်လိုပဲ ကျင့်ကြံတော့မယ်” ဟု ဆွစ်က ပြောကြားခဲ့သည်။
ဆွစ်သည် Billboard အယ်လ်ဘမ်စာရင်း၏ နံပါတ်တစ်နေရာတွင် ငါးကြိမ်၊ Billboard Hot 100 စာရင်း၏ နံပါတ်တစ်နေရာတွင် ငါးကြိမ်နှင့် ကမ္ဘာတစ်ဝန်းရှိအားကစားရုံများတွင် ဖျော်ဖြေပွဲခရီးစဉ် သုံးခုပြုလုပ်ခဲ့မှု အပါအဝင် ဂီတသက်တမ်း ၁၂ နှစ်အတွင်း အောင်မြင်မှုများအတွက် ယင်းဆုဖြင့် ဂုဏ်ပြုခံခဲ့ရခြင်းဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် ကန်းထရီးအဆိုတော်အဖြစ် ဂီတလောကသို့ဝင်ရောက်ခဲ့သည့် ဆွစ်သည် ဂီတသက်တမ်း ၁၅ နှစ်အတွင်း အယ်လ်ဘမ်ခုနစ်ခု ဖြန့်ချိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်