Top News

မိမိ၏ အနာဂတ်အတွက် စိုးရိမ်မှုမရှိကြောင်း ရော်နယ်လ်ကိုးမန်းဆို
24htopnews | January 5, 2025 3:12 AM CST

ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်း၏ မိမိနှင့်ပတ်သက်ပြီး ကောလာဟဟသတင်းများစွာထွက် ပေါ်နေသော်လည်း မိမိအနေဖြင့် အနာဂတ်နှင့်ပတ်သက်၍ စိုးရိမ်မှုတစ်စုံတစ်ရာမရှိကြောင်း ပြောကြားခဲ့သည်။

အသက် (၅၈)နှစ်အရွယ်ရှိ ဒတ်ချ်လူမျိုးနည်းပြ ရော်နယ်လ်ကိုးမန်းသည် ဘာစီလိုနာအသင်းအား ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လတွင် စတင်ကိုင်တွယ်ခဲ့ပြီး အသင်းနှင့်အတူ စပိန်ဘုရင့်ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့သူဖြစ်သည်။

သို့သော် ကိုးမန်း လက်ထက်တွင် ဘာစီလိုနာအသင်းမှာ  တိုးတက်မှုမပြနိုင်ခဲ့ဘဲ ပြီးခဲ့သည့်ရာသီလာလီဂါပြိုင်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် အောင်မြင်မှုမရခဲ့သလို၊ ယခုရာသီတွင်လည်း ရုန်းကန်ရလျက်ရှိနေသည်။

ထို့ကြောင့် ဘာစီလိုနာအသင်း ပရိသတ်များနှင့် ဘုတ်အဖွဲ့ဝင်အများစုသည် ရော်နယ်လ်ကိုးမန်းအား ရာထူးမှထုတ်ပယ်ရန်အတွက် ဖိအားပေး တောင်းဆိုမှုများရှိနေသည်ဟု သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

ရော်နယ်လ်ကိုးမန်းက ''ကျွန်တော့်အနေနဲ့ကတော့ ဘာစီလိုနာအသင်းအကြောင်းနဲ့ ကစားရမယ့်ပွဲစဉ်တွေအကြောင်းကိုပဲ တွေးထားပါတယ်။ ကျွန်တော့်အနေနဲ့ စိတ်ပေါ့ပါးနေပြီး ပြိုင်ပွဲတွေမှာ အနိုင်ရဖို့ကိုလည်း ယုံကြည်မှုရှိပါတယ်။ ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ စိုးရိမ်မှု တစ်စုံတစ်ရာမရှိပါဘူး။ ဒါကို (၎င်း၏ အနာဂတ်) အသင်းနဲ့ ဥက္ကဋ္ဌက ဆုံးဖြတ်ချက်ချပါလိမ့်မယ်'' ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်ရက်သတ္တပတ်က ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းအား အိမ်ကွင်း၌ ဂိုးပေါက်တည့်ကန်ချက်ပင်မရှိ ဘဲ (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယင်းပွဲအပြီးတွင် ကိုးမန်းအား ရာထူးမှထုတ်ပယ်ရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။

ကိုးမန်းသည် ဘာစီလိုနာအသင်းနှင့် ယခုရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။


READ NEXT
Cancel OK