
မန်ယူအသင်း၏ ၀ါရင့်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုက ပရီးမီးယားလိဂ်တွင် ပွဲစဉ်တိုင်းကို အသည်းအသန်ယှဉ်ပြိုင်နေရပြီး နိုင်ပွဲတစ်ပွဲရရှိရန် ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရသည်ဟု ဝန်ခံပြောကြားခဲ့သည်။
စီရော်နယ်လ်ဒိုက အင်္ဂလန်မြေသို့ ပြန်လာရခြင်းအပေါ် အလွန်ဝမ်းမြောက်မိကြောင်းနှင့် ပရီးမီးယားလိဂ်၏ အကြိတ်အနယ်ရှိမှုအတွက် ကျေနပ်မိကြောင်းလည်း ပြောကြားခဲ့သည်။
''ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းက (၃)မှတ်ရဖို့အတွက် ပြင်းပြင်းထန်ထန်တိုက်ခိုက်ရပါတယ်။ ဒီနေ့ပွဲမှာဆိုရင် ကျွန်တော်တို့အသင်းဟာ ကျွန်တော်တို့လိုချင်တဲ့ ပုံစံကို ရဖို့အတွက် ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပါတယ်။ ဒါပေမဲ့ သွင်းဂိုးတွေအတွက် ကျွန်တော်တို့ရဲ့ ယုံကြည်မှုကိုတော့ နောက်ဆုံးအချိန်အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ လက်တွဲကြမယ်၊ ကြံ့ခိုင်ကြမယ်၊ ပစ်မှတ်ထားကြမယ်''ဟု Twitter တွင် ရေးသားခဲ့သည်။
စီရော်နယ်လ်ဒိုသည် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် မန်ယူအသင်းထံသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဂိုးများဆက်တိုက်သွင်းယူပေးနိုင်ခဲ့သည်။
သူသည် ဝက်စ်ဟမ်းအသင်းနှင့်ပွဲတွင်လည်း မန်ယူအသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက စီရော်နယ်လ်ဒို၏ အသင်းအပေါ် အကျိုးပြုနိုင်စွမ်းနှင့် ကြီးမားသည့် သက်ရောက်မှုအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်