
ရိုးမားအသင်း၏ နည်းပြဖြစ်သူ မော်ရင်ဟိုက ဗီရိုနာအသင်းနှင့် ကစားခဲ့သည့်ပွဲတွင် ယခုရာသီပထမဆုံးရှုံးပွဲကို ကြုံတွေ့ခဲ့ပြီးနောက် ကစားသမားများ၏ မာကျောမှုကို မေးခွန်းထုတ်ခဲ့ပြီး ဗီဒီယိုသင်ခန်းစာများကို နာရီအနည်းငယ်ကြာအောင် ပြုလုပ်ရဦးမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
မော်ရင်ဟိုသည် ယင်းပွဲတွင် ကစားသွားခဲ့သည့် ပြိုင်ဘက် ဗီရိုနာအသင်း၏ ကစားပုံကိုလည်း ချီးကျူးပြောကြားခဲ့ပြီး ကြံ့ခိုင်မှုနှင့် စိတ်ပိုင်းဆိုင်ရာ မာကျောမှု အလွန်အားကောင်းသည့် အသင်းဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။
မော်ရင်ဟိုက ''ကျူဒေါ် (ဗီရိုနာအသင်းနည်းပြ) ရဲ့အသင်းက မနှစ်က နည်းပြဟောင်း အိုင်ဗန်ဂျူရစ်ရဲ့အသင်းလိုပါပဲ။ ကစားသမားတွေကလည်း ဒါကြောင့် အခြေကျဖို့ သိပ်မခက်ဘူး။ သူတို့ကစားပုံက အရမ်းကြံ့ခိုင်ပြီး စိတ်ပိုင်းဆိုင်ရာလည်း မာကျောပါတယ်။ ကျွန်တော်တို့ဟာ ဒီဒဏ်ကို ကောင်းကောင်းခံစားခဲ့ရတယ်။ ဒီအတွက် သူတို့အသင်းကစားပုံကို ကျွန်တော် မဝေဖန်ချင်ပါဘူး။ စောဒကလည်း မတက်ချင်ဘူး။ ဒါပေမဲ့ ကျွန်တော့်ကစားသမားတွေဟာ တစ်ဦးချင်း ရင်ဆိုင်တွေ့တဲ့ တိုက်ပွဲများစွာမှာ ရှုံးနိမ့်ခဲ့တယ်။ ဗီရိုနာအသင်းဟာ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးမာကျောခဲ့တယ်။ ဒါကြောင့် ကျွန်တော် တို့ ရှုံးပွဲတွေ့ခဲ့တာပါ။ အခုတော့ ဒီပွဲမှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ဗီဒီယို ပြန်ကြည့်ပြီး ရှင်းပြဖို့ နာရီအနည်းငယ်ကြာအောင် လုပ်ရပါတော့မယ်'' ဟု ပြောကြားခဲ့သည်။
မော်ရင်ဟိုက ဗီရိုနာအသင်းသည် နည်းဗျူဟာပိုင်းဆို်င်ရာ ထူးထူးခြားခြားလုပ်ဆောင်မှုမရှိဘဲ မိမိတို့အသင်းကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ခြင်းသာဖြစ်သည်ဟုလည်းဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်