
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှ ပထမကစားသမား(၇)ဦးအား ရောင်းထုတ်ကာ ငွေရှာရန်စီစဉ်နေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းသည် ဝက်စ်ဟမ်းအသင်းမှ ကွင်းလယ်လူ ဒက်ကလန်ရိုက်အားခေါ်ယူရန် ပစ်မှတ်ထားနေ ပြီး ၎င်းအတွက် ပြောင်းရွှေ့ကြေးငွေ ရရှိရန် ဆိုးလ်ရှားသည် အသင်းမှ ကစားသမားအချို့ကို ရောင်းချရန် စီစဉ်နေခြင်းဖြစ်သည်။
ဗြိတိန်သတင်းစာ The Sun တွင်ဖော်ပြခဲ့သော သတင်းအရ ဆိုးလ်ရှားရောင်းချမည့် ကစားသမားများမှာ တိုက်စစ်မှူး မာစီယဲလ်၊ ကွင်းလယ်လူ လင်ဂတ်၊ ဗန်ဒယ်ဘိခ်၊ နောက်ခံလူ ဖီးလ်ဂျုံးစ်၊ ဘာယီ၊ ဒါလော့၊ တဲလက်စ် အစရှိသူတို့ဖြစ်ကြောင်း သိရှိရသည်။
ယင်းကစားသမားများမှာ ယခုရာသီတွင် ပုံမှန်နေရာရရန် ရုန်းကန်နေရသည့် ကစားသမားများဖြစ်သည်။
မန်ယူအသင်းခေါ်ယူရန် ပစ်မှတ်ထားနေသော ဒက်ကလန်ရိုက်အား ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းကြီးဖြစ်သည့် ချယ်လ်ဆီးအသင်းကလည်း ခေါ်ယူရန် ဆန္ဒရှိနေပြီး ဝက်စ်ဟမ်းအသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ကို ပေါင်သန်း (၁၀၀)အထိ သတ်မှတ်ထားသည်။
မန်ယူအသင်းသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲ (၂၆)ပွဲ ကစားခွင့်ရရှိထားသော ဒက်ကလန်ရိုက်အား ချယ်လ်ဆီးအသင်းလက်ထဲသို့ အပါမခံလိုဘဲ အရခေါ်ယူရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်