Top News

ဇန်နဝါရီတွင် ယိုဗစ်အား ဂျူဗင်တပ်စ် အငှားခေါ်ယူဖွယ်ရှိနေ
24htopnews | January 5, 2025 3:12 AM CST

စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းမှ ဆားဘီးယားတိုက်စစ်မှူး လူကာယိုဗစ် (၂၃ နှစ်)အား လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အငှားခေါ်ယူဖွယ်ရှိနေကြောင်း စပိန်မီဒီယာများ ကဖော်ပြခဲ့ကြသည်။

ဂျူဗင်တပ်စ်အသင်းသည် ပြီးခဲ့သည့် နွေရာသီတွင် အဓိကတိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ဆုံးရှုံးခဲ့ရပြီးနောက် တိုက်စစ်မှူးတစ်ဦးအားဖြည့်ရန် စီစဉ်နေခြင်းဖြစ်ပြီး ရီးယဲလ်အသင်းတွင်ရုန်းကန်နေရသည့် ယိုဗစ်ကို မျက်စိကျနေခြင်းဖြစ်သည်။

ယိုဗစ်သည် ရီးယဲလ်အသင်းတွင် ပွဲကစားခွင့် ပျောက်ဆုံးနေသူဖြစ်ပြီး ပြီးခဲ့သည့်ရာသီကလည်း ဖရန့်ဖတ်အသင်းထံ အငှားသွားရောက်ကစားခဲ့သည်။


READ NEXT
Cancel OK