
အာဆီယံဘောလုံးအဖွဲ့ချုပ်(AFF) သည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲကို ယနေ့ (အင်္ဂါနေ့) ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
အုပ်စုမဲခွဲပွဲတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် နိုင်ငံကိုပါ ရွေးချယ်မည်ဖြစ်ပြီး ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံတို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရသည်။
၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ကမ္ဘောဒီးယား၊ ထိုင်း၊ စင်ကာပူ၊ အင်ဒိုနီးရှား စသည့် လေးနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန် ဆန္ဒရှိနေပြီး AFF အနေဖြင့် အုပ်စုအဆင့်ပွဲစဉ်များအတွက် အိမ်ရှင်တစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံရွေးချယ်၍ ကျင်းပဖွယ်ရှိကြောင်း သိရသည်။
AFF သည် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ပြိုင်ပွဲ၏ တရားဝင်လူမှုမီဒီယာများဖြစ်သည့် YouTube Channel၊ Facebook Page နှင့် ဝက်ဘ်ဆိုက်မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။
AFF သည် အသင်း (၁၀) သင်းအား (၅)သင်းနှစ်အုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။
AFF သည် လက်ရှိချန်ပီယံ ဗီယက်နမ်အသင်းအပါအဝင် ထိုင်း၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်းတို့ကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ပြုထားပြီး ဒေသတွင်းအဆင့်သတ်မှတ်ချက် အနိမ့်ဆုံးနှစ်သင်းဖြစ်သည့် တီမောနှင့် ဘရူနိုင်းအသင်းတို့မှာ ခြေစစ်ပွဲကစားရမည်ဖြစ်သည်။
ခြေစစ်ပွဲတွင် အနိုင်ရသည့်အသင်းမှာ နောက်ဆုံးအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး တိုက်ရိုက်ကစားခွင့်ရမည့် (၉)သင်းနှင့်အတူ နောက်ဆုံးအဆင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
လက်ရှိတွင် ပြိုင်ပွဲဝင်မည့်အသင်းများအား အဆင့်သတ်မှတ်ချက်အနေဖြင့် Pot များ ခွဲဝေသတ်မှတ်ထားရာ Pot 1 တွင် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်း၊ Pot 2 တွင် ဖိလစ်ပိုင်၊ မြန်မာ၊ Pot 3 တွင် မလေးရှား၊ စင်ကာပူ၊ Pot 4 တွင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ Pot 5 တွင် လာအို၊ ဘရူနိုင်း သို့မဟုတ် တီမောအသင်းတို့ ကျရောက်နေသည်။
AFF သည် ပြီးခဲ့သည့်နှစ်က ကျင်းပနိုင်ခြင်းမရှိသဖြင့် ရွှေ့ဆိုင်းထားရသည့် ၂၀၂၀ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။
AFF သည် အုပ်စုအဆင့်ပွဲစဉ်များကို တစ်ကျော့စနစ်ဖြင့်သာ ကျင်းပမည်ဖြစ်သော်လည်း ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကိုမူ အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပမည်ဖြစ်သည်။
ဆူဇူကီးဖလားပြိုင်ပွဲကို ၁၂ ကြိမ် ကျင်းပပြီးစီးထားပြီး ထိုင်းအသင်းက ချန်ပီယံဆု (၅)ကြိမ်ဖြင့် အအောင်မြင်ဆုံးအဖြစ် ရပ်တည်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်