Top News

မနေ့ကအထိ ထုတ်ပယ်ခံရရန် နီးစပ်နေသူကို ချန်ပီယံဆုအတွက် မမေးသင့်ဟု ဆိုးလ်ရှား နောက်ပြောင်
24htopnews | January 5, 2025 3:12 AM CST

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သတင်းထောက်များအနေဖြင့် မနေ့ကအထိ ရာထူးမှထုတ်ပယ်ခံရရန် နီးစပ်နေသူကို ချန်ပီယံမျှော်လင့်ချက်အတွက် မမေးသင့်ကြောင်း နောက်ပြောင်ပြောကြားခဲ့သည်။

ဆိုးလ်ရှားသည် ပြီးခဲ့သည့်တစ်ပတ်က ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွင် ယန်းဘွိုင်းစ်အသင်းအား ရှုံးနိမ့်သဖြင့် နည်းဗျူဟာပိုင်းနှင့် လူစားလဲမှုအပေါ် ဝေဖန်မှုများခံခဲ့ရသော်လည်း တနင်္ဂနွေနေ့က ဝက်စ်ဟမ်းနှင့်ပွဲတွင် နောက်ကျဂိုးဖြင့် အနိုင်ရကာ ဇယားထိပ်ဆုံးနေရာ၌ ချယ်လ်ဆီး၊ လီဗာပူးလ်တို့နှင့်အတူ ရမှတ်တူဖြင့် ဦးဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ယခုရာသီ ချန်ပီယံမျှော်လင့်ချက်အတွက် မေးမြန်းစဉ် ဆိုးလ်ရှားက ''အခုတော့ ကျွန်တော့်ဆီက ခင်ဗျားအဖြေရမှာ မဟုတ်ဘူး။ ရာသီစတာ (၅)ပွဲပဲရှိပါသေးတယ်။ ကျွန်တော်ကလည်း မနေ့ကအထိ ထုတ်ပယ်ခံရနိုင်တဲ့အထိ ဖြစ်နေတဲ့သူလေ။ ဒီလိုမျိုးက မန်ချက်စတာယူနိုက်တက်မှာ ဖြစ်နေကျပါပဲ။ အနိုင် သုံးမှတ်နဲ့ ကျွန်တော်တို့ ထိုက်တန်ပါတယ်။ ဒီနေရာက လာကစားဖို့ တကယ်ခက်ပါတယ်။ ဒီရမှတ်တွေက မတူကွဲပြားမှုတစ်ခု ဖန်တီးပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ချန်ပီယံဆုအကြောင်းကိုတော့ ဧပြီ၊ မေလောက်မှာ ကျွန်တော်တို့ ဘယ်နေရာရောက်နေလဲဆိုတာ ကြည့်ပြီး ပြောကြတာပေါ့'' ဟု ဖြေကြားခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ဗုဒ္ဓဟူးနေ့တွင် လိဂ်ဖလားတတိယအဆင့်အဖြစ် ဝက်စ်ဟမ်းအသင်းနှင့် အိမ်ကွင်းပွဲစဉ် ထပ်မံကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK