Top News

တောင်ကိုရီးယားသမ္မတကို ဖမ်းဆီးမည့် အစီအစဉ်အား စုံစမ်းစစ်ဆေးသူများက ပယ်ဖျက်
24htopnews | January 5, 2025 1:12 AM CST

ဇန်နဝါရီ ၃ ရက်က တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုအား ၎င်း၏နေအိမ်ခြံဝင်းအတွင်းသို့ ဝင်ရောက်ဖမ်းဆီးမည့် အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက ပြောကြားခဲ့သည်။ ယွန်း၏ခြံဝင်းတွင် ၎င်း၏လုံခြုံရေးအဖွဲ့နှင့် တွန်းထိုးမှုများဖြစ်ပွားခဲ့ပြီးနောက် လုံခြုံရေးအခြေအနေကို စိုးရိမ်ရသဖြင့် ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယွန်းသည် ဒီဇင်ဘာ ၃ ရက်က အောင်မြင်ခြင်းမရှိသည့် စစ်အုပ်ချုပ်ရေးအမိန့်ကြေညာခဲ့ပြီးနောက် စွပ်စွဲပြစ်တင် ခံခဲ့ရကာ သမ္မတတာဝန်မှ ဆိုင်းငံ့ခံထားရသည်။

“ဒီနေ့မှာတော့ ဖမ်းဝရမ်းနဲ့အညီဆောင်ရွက်ခဲ့ပေမယ့် အငြင်းအခုံတွေဖြစ်ခဲ့တာကြောင့် ဖမ်းဝရမ်းအတိုင်း ထိရောက်စွာဆောင်ရွက်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး”ဟု ယွန်း၏စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှုကို စုံစမ်းနေသည့် အဂတိလိုက်စားမှုစုံစမ်းစစ်ဆေးရေးရုံး(CIO)က ပြောကြားခဲ့သည်။ မိမိတို့ အမှုထမ်းများ၏ လုံခြုံရေးအခြေအနေကို စိုးရိမ်ရသည့်အတွက် ဖမ်းဆီးမည့်အစီအစဉ်ကိုရပ်နားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း CIO က ယွန်း၏ သမ္မတလုံခြုံရေးအဖွဲ့နှင့် စစ်တပ်ဖွဲ့တို့နှင့် ခိုက်ရန်ဖြစ်ပွားခဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့သည်။ စုံစမ်းစစ်ဆေးသူ ၂၀ နှင့် ရဲအရာရှိ ၈၀ သာရှိပြီး ယွန်း၏နေအိမ်အတွင်းတွင်မူ စစ်သားများနှင့်လုံခြုံရေးအင်အားက ၂၀၀ ခန့်ရှိခဲ့သည်။

Ref: AFP


READ NEXT
Cancel OK