Top News

ကူညီခဲ့သူများနှင့် ဆုတောင်းပေးခဲ့သူများကို ကျေးဇူးတင်ပြီး  မကြာမီ ဘောလုံးပြန်ကစားမည်ဟု ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယို ကတိပေး
24htopnews | January 4, 2025 2:12 PM CST

 

ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုက ဆေးရုံမှ ဆင်းလာပြီးနောက် မိမိအနေဖြင့် မကြာမီ ဘောလုံးပြန်ကစားမည်ဟု ကတိပေးခဲ့သည်။ 

အန်တိုနီယို သည် ဒီဇင်ဘာ (၇)ရက်က နေအိမ်သို့အပြန်တွင် ကားအရှိန်မထိန်းနိုင်ဘဲ သစ်တောကို ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။ 

အန်တိုနီယိုသည် အဆိုပါယာဉ်မတော်တ ဆမှုကြောင့် ဆေးရုံတင်ပို့ခံခဲ့ရပြီး ခြေထောက်ကျိုးသွားသဖြင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရသည်။ 

၎င်းင်းသည် ဒီဇင်ဘာ (၃၁) ရက်တွင် ဆေးရုံမှ ပြန်ဆင်းလာခဲ့ပြီး နောက် အသက်ရှင်သည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ 

အန် တိုနီယိုက ၎င်းကို ကူညီခဲ့သူများနှင့် ဆုတောင်းပေးခဲ့သူများကို ကျေးဇူးတင်ပြီး မကြာမီ ဘောလုံးပြန်ကစားမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK