Top News

ပွဲကစားခွင့်ရရန်အတွက် ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် လီဗာပူးလ်မှ ခီယေဆာ ထွက်ခွာလိုနေ
24htopnews | January 4, 2025 2:12 PM CST

 

လီဗာပူးလ်တိုက်စစ်ကစားသမား ခီယေဆာသည် ပွဲကစားခွင့်ရရန်အတွက် ယခု ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာလိုနေကြောင်း သိရသည်။ 

အီတလီ လက်ရွေးစင်တိုက်စစ်ကစားသမား ခီယေ ဆာ (၂၇ နှစ်)သည် ပြီးခဲ့သည့်နွေရာသီကမှ ဂျူဗင်တပ်စ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင် ၁၀ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။ သို့သော် လီဗာပူးလ်နည်းပြ အာ နယ်ဆလော့က ခီယေဆာအနေဖြင့် အသင်းအတွက် ပွဲထွက်ကစားရန် ကြံ့ခိုင်မှုမပြည့်ဝသေးဟု ယူဆနေကြောင်း သိရှိရသည်။ 

ထို့ ကြောင့် ခီယေဆာသည် ယခုရာသီတွင် လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၂၃ မိနစ်သာ ကစားခွင့်ရထားသေးသည်။ ခီယေဆာသည် ဒီဇင်ဘာ ၁၈ ရက်တွင် လီဗာပူးလ်အသင်းအတွက် နောက်ဆုံးကစားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ခီယေဆာသည် လီဗာပူးလ် အသင်းတွင် ပွဲကစားခွင့်မရဖြစ်နေသည့်အပေါ် စိတ်ပျက်နေပြီး ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အသင်းပြောင်းရွှေ့ရန် အလိုရှိနေကြောင်း သိရသည်။ 

လက်ရှိတွင် ခီ ယေဆာအား ခေါ်ယူရန် စီးရီးအေထိပ်သီး ကလပ်များဖြစ်သည့် အေစီမီလန်၊ နာပိုလီ နှင့် ရိုးမားအသင်းတို့က စိတ်ဝင်စားနေကြသလို ခီယေဆာ၏အသင်းဟောင်း ဖီအိုရင်တီးနားကလည်း ၎င်းကို အငှားဖြင့်ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။ 

စီးရီးအေကလပ်အသင်းများသည် ခီယေဆာအား အငှားခေါ်ယူလိုနေကြသော်လည်း လီဗာပူးလ်တွင် တစ်နှစ်လစာ ပေါင်ခြောက်သန်း ရရှိနေသည့် ၎င်း၏လစာကို အပြည့်အဝပေးချေလိုခြင်းမရှိကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK