Top News

ဆန့်ကျင်ဘက်လားရာများနဲ့ အနောက်မြောက်ဒါဘီ
24htopnews | January 4, 2025 1:12 PM CST

တစ်သင်းက ချန်ပီယံမျှော်လင့်ချက်တွေ ဖိတ်ဖိတ်လက်လက်တောက်ပနေချိန်မှာ တစ်သင်းကတော့ တန်းဆင်းအန္တရာယ်အတွက်တောင် ပူပူပန်ပန်ဖြစ်လာရပါတယ်။ အဲဒီနှစ်သင်းက လီဗာပူးလ်နဲ့ မန်ယူတို့ဖြစ်ပြီး ဒီညမှာ ထိပ်တိုက်ရင်ဆိုင်ရတော့မှာပါ။ ပရီးမီးယားလိဂ်ပြိုင်ပွဲက ၂၀၂၄ အတွင်းမှာ ရာသီတစ်ဝက်ကျိုးခဲ့တာကြောင့် ဒီပွဲက ဒုတိယအကျော့အစပြုတဲ့ ပွဲစဉ် ၂၀ လည်း ဖြစ်ပါတယ်။ ဖြတ်သန်းခဲ့တဲ့ ခရီးတစ်ဝက်မှာ လီဗာပူးလ်အသင်းက နည်းပြသစ် အာနယ်ဆလော့နဲ့အတူ ဖြောင့်ဖြူးသာယာခဲ့သလောက် မန်ယူအသင်းကတော့ နည်းပြအပြောင်းအလဲလုပ်ရတဲ့အထိ ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း အစဉ်အလာကြီးမားတဲ့ ပြိုင်ဘက်နှစ်သင်းက ဆန့်ကျင်ဘက်လားရာဆီ ဦးတည်သလို ဖြစ်ခဲ့ရတာပါ။ ဒီတော့ နှစ်သင်းထိပ်တိုက်ရင်ဆိုင်ရမယ့် အင်္ဂလန်အနောက်မြောက်ဒါဘီက တစ်ဖက်စောင်းနင်းများ ဖြစ်သွားမလားလို့ တွေးစရာဖြစ်လာပါတယ်။ မန်ယူပရိသတ်တွေအတွက်လည်း ပူပန်စရာဖြစ်နေပါတယ်။


READ NEXT
Cancel OK