
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် လေယာဉ်ငယ်တစ်စင်းသည် ကုန်သွယ်ရေး အဆောက်အအုံတစ်ခုအပေါ် ပျက်ကျခဲ့သည့်အတွက် လူနှစ်ဦးထက် မနည်းသေဆုံးကာ ၁၈ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
လော့စ်အိန်ဂျလိစ်မြို့၏ အရှေ့တောင်ပိုင်း ၂၅ မိုင်အကွာရှိ ဖူလာတန်မြူနီစီပယ် လေဆိပ်အနီးတွင် ဇန်နဝါရီ ၃ ရက် နေ့လယ်ခင်းအချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“သေဆုံးသူ နှစ်ဦးရှိကြောင်း အတည်ပြုထားပါတယ်”ဟု ရဲတပ်ဖွဲ့က လူမှုမီဒီယာ X တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ဆေးရုံတင်ထားရသူ ၁၀ ဦးရှိပြီး နောက်ထပ်ရှစ်ဦးကို အခင်းဖြစ်ပွားသည့် နေရာတွင် ကုသပေး ခဲ့သည်။
သေဆုံးသူများသည် လေယာဉ်ပေါ်မှ ခရီးသည်များ သို့မဟုတ် ပျက်ကျသည့် အဆောက်အအုံတွင် အလုပ်လုပ်ကိုင်နေသူများဖြစ်ကြောင်း စုံစမ်းစစ်ဆေးသူများက အတိအကျ မသိရသေးပေ။
ရုပ်သံဗီဒီယိုများတွင် ဖော်ပြချက်အရ လေယာဉ်ပျက်ကျမှုကြောင့် အဆောက်အအုံအမိုးတွင် အပေါက်ကြီးဖြစ် သွားပြီး မီးခိုးများ ထွက်ပေါ်လာပုံကို တွေ့ရသည်။
“ကျွန်တော်တို့ အားလုံးကျယ်လောင်တဲ့ အသံကြီးကို ကြားလိုက်ရတာနဲ့ တစ်ပြိုင်တည်း အဆောက်အအုံ ထဲကနေ ပြေးထွက်ခဲ့ပါတယ်”ဟု လေယာဉ်ပျက်ကျချိန်တွင် အဆောက်အအုံထဲ၌ ရှိနေသည့် ဝန်ထမ်းတစ်ဦး က ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်