Top News

Apple ကုမ္ပဏီက တရုတ်တွင် နောက်ဆုံးပေါ် iphones များကို လျှော့စျေးဖြင့် ရောင်းချ
24htopnews | January 4, 2025 1:12 PM CST

Apple ကုမ္ပဏီသည် ၎င်း၏ နောက်ဆုံးပေါ် iphones များကို တရုတ်တွင် ယွမ် ၅၀၀ အထိ လျှော့စျေးပေးပြီး ရောင်းချမည် ဖြစ်သည်။

ယင်းသည် Huawei ကဲ့သို့ Apple ၏ ပြိုင်ဘက်များဖြစ်သည့် တရုတ်ပြည်တွင်းဖြစ် ဖုန်းထုတ်လုပ်ရေး ကုမ္ပဏီများနှင့် ယှဉ်ပြိုင်မှု မြင့်တက်လာချိိန်တွင် ၎င်း၏ စျေးကွက်ကို ကာကွယ်သည့် အစီအစဉ်တစ်ခုဖြစ်သည်။

ဇန်နဝါရီ ၄ ရက်မှ ၇ ရက်အထိ လျှော့စျေးဖြင့် ရောင်းချမည့် လေးရက်ကြာ ပရိုမိုးရှင်းကာလတွင် iphone မော်ဒယ်အချိုက ပါဝင်ကြောင်း Apple ၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၇၉၉၉ ယွမ်ဖြင့် ရောင်းချမည့် iphone 16 pro နှင့် ၉၉၉၉ ယွမ်ဖြင့်ရောင်းချမည့်  iphone 16 pro max တို့ကို ယွမ် ၅၀၀ စျေးလျှော့ပေးမည်ဖြစ်ပြီး iphone 16 နှင့် iphone 16 plus တို့ကိုမူ ယွမ် ၄၀၀ စျေးလျှော့ပေးမည် ဖြစ်သည်။

တရုတ်၏ စီးပွားရေး နှေးကွေးနေပြီး ငွေကြေးဖောင်းပွမှုကို လျော့ပါးစေရန်အတွက် စီမံဆောင်ရွက်သည့် ဖိအားများ မြင့်တက်နေချိန်တွင် စားသုံးသူများ၏ ငွေကြေးသုံးစွဲမှုကို ချင့်ချိန်ပြီး Apple ၏ နောက်ဆုံး ပေါ်ဖုန်းများကို လျှော့စျေးများဖြင့် ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ 

ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းစျေးကွက်ဖြစ်သည့် တရုတ်တွင် ပြည်တွင်းဖုန်း အမှတ်တံဆိပ်များ၏ ပြိုင်ဆိုင် မှုများကြောင့် Apple သည် ၎င်း၏စျေးကွက်ကို ကျဆင်းမသွားစေရန် ရုန်းကန်နေရသည်။

Ref:AFP

                            


READ NEXT
Cancel OK