
လက်စတာအသင်းသည် လိဒ်စ်အသင်းအား အဝေးကွင်းတွင် (၄-၁)ဂိုးဖြင့် ဂိုးပြတ် အနိုင်ရပြီးနောက် အသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးအဖြစ် အဝေးကွင်း လေးပွဲဆက် အနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား ဒုတိယနေရာသို့ ရောက်ရှိခဲ့သည်။
ယင်းပွဲတွင် ပထမပိုင်း၌ လက်စတာအသင်းက ဘန်းစ်(၃ မိနစ်)၊ တီလေမန်းစ်(၂၁ မိနစ်)တို့၏ဂိုးများဖြင့် ဦးဆောင်နေခဲ့ပြီး လိဒ်စ်အသင်းမှ ဒဲလက်စ်က ၄၈ မိနစ်တွင် ချေပဂိုးတစ်ဂိုးသွင်းယူခဲ့သော်လည်း လက်စတာတိုက်စစ်မှူး ဗာဒီ(၇၆ မိနစ်)နှင့် တီလေမန်းစ်(၉၁ မိနစ် Pen)တို့က နောက်ထပ်ဂိုးများ ထပ်သွင်းကာ ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ လက်စတာအသင်းအနေဖြင့် ပြိုင်ပွဲစုံလေးပွဲဆက် အနိုင်ကစားနိုင်ခဲ့ပြီး ဂွါဒီယိုလာ၊ အာတီတာ၊ ဘီယဲလ်ဆာစသည့် နာမည်ကြီးနည်းပြများကို လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ဆက်တိုက်အနိုင်ယူခဲ့ခြင်းဖြစ်သည်။
"ကျွန်တော့်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ထူးခြားပြောင်မြောက်တယ်လို့ တွေးမိပါတယ်။ ကျွန်တော်တို့ဟာ ဘောလုံးကိုင်ထားနိုင်ချိန်မှာ နည်းဗျူဟာအတိုင်း ကစားနိုင်ခဲ့ပါတယ်။ မတ်၊ ဧပြီလတွေမှာ ဒီလိုအဆင့်မျိုး(ဒုတိယနေရာ)ရခဲ့ရင် အရမ်းချိုမြိန်မှာပါ။ ဒါပေမဲ့ ဒီအရာက ခရီးရှည်ကြီးတစ်ခုကို သွားရဦးမယ်"ဟု ဘရန်ဒန်ရော်ဂျာက ပြောကြားခဲ့သည်။
လိဒ်စ်အသင်းနည်းပြ ဘီယဲလ်ဆာကမူ ပထမပိုင်း မိနစ် ၃၀ အတွင်း အသင်း၏ခံစစ်ပိုင်းမှာ အလွန်ဆိုးရွားခဲ့ပြီး အသင်းကလည်း ပြိုင်ဘက်အသင်းကို အန္တရာယ်ရှိသည့် အခွင့်အရေးများ မဖန်တီးနိုင်ခဲ့ကြောင်းနှင့် ယင်းမှာ နည်းပြတစ်ဦး အဓိကတာဝန်ယူရမည့်အပိုင်း ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်