Top News

■ မန်ယူမှ ကစားသမားများကို အငှားဖြင့်ခေါ်ယူရန် နစ္စတယ်ရွိုင်း ချိန်ရွယ်နေ     
24htopnews | January 3, 2025 9:12 PM CST

လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းသည် မန်ယူအသင်းမှ ကစားသမားများကို အငှားဖြင့်ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။ 

နစ္စတယ်ရွိုင်းက မန်ယူအသင်းနှင့် ၎င်း၏ ဆက်ဆံရေးအနေအထားအရ ယခုဇန်နဝါရီအပြောင်းအရွှေ့တွင် မန်ယူအသင်းထံမှ အကူအညီရရှိလိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ 

လက်စတာအသင်းသည် လက်ရှိအချိ်န်၌ တန်းဆင်းဇုန်အတွင်း ရောက်ရှိနေပြီး နစ္စတယ်ရွိုင်းက ကစားသမားသစ်များ ခေါ်ယူအားဖြည့်ရန် စီစဉ်နေကြောင်း သိရသည်။ 

ယင်းအနေအထားတွင် နစ္စတယ်ရွိုင်းအနေဖြင့် မန်ယူအသင်းမှ ကစားသမားအချို့ကို အငှားဖြင့်ခေါ်ယူရန် ချိန်ရွယ်နေခြင်းဖြစ်ကြောင်း သိရသည်။

နစ္စတယ်ရွိုင်းသည် ယခုရာသီအစက မန်ယူအသင်းတွင် နည်းပြဟောင်း တန်ဟက်ဂ်၏ လက်ထောက်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ 

ထို့ပြင် ၎င်းသည် တန်ဟက်ဂ် ရာထူးမှထုတ်ပယ်ခံရချိန်တွင် မန်ယူအသင်း၏ယာယီနည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး အာမိုရင်မ် ရောက်လာချိန်တွင် နည်းပြအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ရန် ကမ်းလှမ်းခဲ့သော်လည်း အာမိုရင်မ်ဘက်က ပယ်ချခဲ့ကြောင်း သိရသည်။ 

ယင်းနောက် နစ္စတယ်ရွိုင်းသည် လက်စတာအသင်း၏ နည်းပြရာထူးကို လက်ခံခဲ့ခြင်းဖြစ်သည်။ 


READ NEXT
Cancel OK