Top News

■ ဆုဖလားအနည်းငယ်သာ ရယူနိုင်ခြင်းမှာ စိတ်ပျက်စရာဟု ဒီယွန်း ပြောကြား     
24htopnews | January 3, 2025 9:12 PM CST

ဘာစီလိုနာအသင်း၏ နယ်သာလန်ကွင်းလယ်ကစားသမား ဒီယွန်းက ဆုဖလားအနည်းငယ်သာ ရယူနိုင်ခြင်းမှာ စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့သည်။ 

ဒီယွန်း(၂၇ နှစ်)သည် ၂၀၁၉ ခုနှစ်တွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း လာလီဂါ၊ စပိန်ဘုရင့်ဖလားနှင့် စပိန်ဘုရင့်ဖလား တစ်ခုစီသာ ရယူနိုင်ခဲ့သည်။ 

ထို့ကြောင့် ၎င်းက စိတ်ပျက်စရာကောင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဘာစီလိုနာအသင်းနှင့် ချုပ်ဆိုထားသည့် ဒီယွန်း၏လက်ရှိစာချုပ်မှာ ၂၀၂၆ တွင် ကုန်ဆုံးမည်ဖြစ်သည်။ 

ယင်းအနေအထားတွင် ဘာစီလိုနာအသင်းသည် ဘဏ္ဍာရေးပြဿနာကြောင့် လစာများစွာပေးချေနေရသည့် ၎င်းကို ရောင်းထုတ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။


READ NEXT
Cancel OK