
စပါး - နယူးကာဆယ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၇:၀၀ နာရီ)
နယူးကာဆယ်အသင်းက ပရီးမီးယားလိဂ် လေးပွဲစလုံး အနိုင်ရထားပြီး ပွဲအားလုံး Clean Sheet ရရှိခဲ့တယ်။ တိုက်စစ်မှူး အီဆက်ခ်ကလည်း ပရီးမီးယားလိဂ် (၆)ပွဲဆက် ဂိုးသွင်းယူထားခဲ့တယ်။ လက်ရှိအခြေအနေချင်းယှဉ်ရင် စပါးအသင်းအဖို့ အိမ်ကွင်းအားသာချက် တစ်ခုတည်း အသာစီးရနေတဲ့ အနေအထားပါ။ ဒါပေမဲ့ နယူးကာဆယ်အသင်း အဝေးကွင်းမှာ မနိုင်လောက်ဘူးထင်တယ်။
ဘုန်းမောက် - အဲဗာတန် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၉:၃၀ နာရီ)
အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ မန်စီးတီးအသင်းတွေကို အံ့အားသင့်ဖွယ် သရေကစားပြခဲ့တဲ့ အဲဗာတန်အသင်း နော်တင်ဟမ်ဖောရက်စ်နဲ့အတွေ့မှာတော့ ရှုံးပွဲနဲ့ ပြန်ရင်ဆိုင်ခဲ့ရတယ်။ ဘုန်းမောက်အသင်းရလဒ်ပိုင်းလည်း ကောင်းမွန်တဲ့အထဲပါပေမဲ့ အိမ်ကွင်းမှာတော့ အဝေးကွင်းလောက် ရလဒ်မကောင်းတော့တာ တွေ့ရတယ်။ အဲဗာတန်အမှတ်မျှော်လင့်လို့ရတယ်။
အက်စတွန်ဗီလာ - လက်စတာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၉:၃၀ နာရီ)
လက်စတာအသင်းနည်းပြ နစ္စတယ်ရွိုင်းက ပွဲဦးထွက် နိုင်ပွဲရခဲ့တာကလွဲလို့ (၅)ပွဲဆက် နိုင်ပွဲပျောက်ထားတယ်။ ပွဲကျပ်တွေ ဆက်တိုက်ကစားခဲ့ရတဲ့ အနေအထားကိုလည်း သတိပြုရမယ်။ အခုလည်း အက်စတွန်ဗီလာအသင်းနဲ့ အဝေးကွင်းပွဲကျပ် ထပ်ကစားရဦးမယ်။ ဗီလာအသင်းက ဒီရာသီအိမ်ကွင်းမှာ အာဆင်နယ်ကိုသာ အရေးနိမ့်ထားတာဖြစ်တယ်။ ဗီလာဘက်ကပဲ ရပ်တည်ချင်တယ်။
ခရစ္စတယ်ပဲလေ့စ် - ချယ်လ်ဆီး (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၉:၃၀ နာရီ)
ချယ်လ်ဆီးအသင်း နှစ်ပွဲဆက် အရေးနိမ့်ထားပြီး နောက်ဆုံး(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတယ်။ နည်းပြ မာရက်စကာ ပြောခဲ့သလိုပဲ သူ့ရဲ့အသင်းက ချန်ပီယံလုပွဲအတွက် အဆင်သင့်မဖြစ်သေးဘူးဆိုတာ ပိုပေါ်လွင်လာတယ်။ နောက်ဆုံး(၃)ပွဲမှာ ထိပ်သီး ပြိုင်ဘက်တွေမဟုတ်ဘဲ နိုင်ပွဲပျောက်ခဲ့တာက ချယ်လ်ဆီးအဖို့ ပိုအထိနာတယ်။ ဒီတစ်ပွဲတော့ ချယ်လ်ဆီး နိုင်ပွဲပြန်ရလောက်တယ်။
မန်စီးတီး - ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၉:၃၀ နာရီ)
နိုင်ပွဲပြန်တွေ့ထားတဲ့ မန်စီးတီးအသင်းရဲ့အပြောင်းအလဲကို စောင့်ကြည့်ရမယ်။ အခုချိန်က မန်စီးတီးအသင်းရဲ့ Trademark လို ဖြစ်နေတဲ့ ဒုတိယရာသီဝက်ကိုလည်း စတင်ဝင်ရောက်လာပြီ။ ဝက်စ်ဟမ်းတိုက်စစ်ပိုင်းမှာ အားထားရတဲ့ ဘိုဝင် ဒဏ်ရာရသွား ခဲ့လို့ အသင်းအခြေအနေက လားရာမကောင်းဘူး ဖြစ်နေတယ်။ မန်စီးတီးအသင်းကိုပဲ ကြိုက်တယ်။
ဆောက်သမ်တန် - ဘရန်ဖို့ဒ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၉:၃၀ နာရီ)
ဆောက်သမ်တန်အသင်းက နည်းပြသစ် ဂျူရစ်လက်အောက်မှာလည်း အခြေအနေ မဟန်ပါဘူး။ အဖွင့်နှစ်ပွဲစလုံး အရေးနိမ့်ထားခဲ့တာပါ။ အိမ်ကွင်းနောက်ဆုံးလေးပွဲဆက် အရေးနိမ့်ထားပေမဲ့ သုံးပွဲက လီဗာပူးလ်၊ ချယ်လ်ဆီး၊ စပါးတို့နဲ့ တွေ့ဆုံခဲ့တာဖြစ်တယ်။ ဘရန့်ဖို့ဒ်အသင်းကတော့ ပွဲကျပ်တွေ တောက်လျှောက်ကစားခဲ့ရလို့ ပွဲပန်းနေနိုင်တယ်။ ဆောက်သမ်တန် အမှတ်ရလိမ့်မယ်။
ဘရိုက်တန် - အာဆင်နယ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၁၂:၀၀ နာရီ)
ပထမအကျော့ အာဆင်နယ်ကွင်းမှာ ဘရိုက်တန်အသင်းက တစ်ဂိုးစီ သရေကစားခဲ့တယ်။ ပြိုင်ပွဲစုံ နောက်ဆုံးတွေ့ဆုံမှု (၁၆)ပွဲမှာလည်း နှစ်သင်းစလုံး (၆)ပွဲစီ အနိုင်ရထားပြီး (၄)ပွဲသရေကျခဲ့တယ်။ ဒါကြောင့် ဘရိုက်တန်အသင်းက အာဆင်နယ်နဲ့ဆုံတွေ့တိုင်း ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းသိနေပြီး ဒုက္ခပေးနိုင်တဲ့အသင်းလို့ ဆိုရမယ်။ လက်ရှိနည်းပြ ဟူဇီလာလက်ထဲမှာလည်း ဘရိုက်တန်အသင်းရဲ့ဂုဏ်သတ္တိတွေက လျော့ကျမသွားဘူး။ ဒါပေမဲ့ လတ်တလောမှာ ပရီးမီးယားလိဂ် (၇)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားလို့ Rhythm တော့ နည်းနည်းအောက်နေတာ တွေ့ရတယ်။ အာဆင်နယ်အသင်းမှာလည်း ဆာကာ မပါဝင်တဲ့ တိုက်စစ်ပိုင်းက ရုန်းကန်ရနိုင်ခြေ ရှိနေပါတယ်။ ဘရိုက်တန်အသင်း အမှတ်ရခဲ့ရင် အံ့အားသင့်စရာတော့ မရှိဘူး။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်