
ဗင်နီဇီယာ - အမ်ပိုလီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၈:၃၀ နာရီ)
ဗင်နီဇီယာက တန်းဆင်းဇုန်ထဲရောက်နေပေမဲ့ ကစားပုံအ ရမ်းဆိုးရွားနေတာ မဟုတ်ဘူး။ အမ်ပိုလီကလည်း နောက်ဆုံး (၃)ပွဲဆက် ရှုံးပွဲတွေ့ထားတယ်။ ဗင်နီဇီယာ နိုင်မယ်။
ဖီအိုရင်တီးနား - နာပိုလီ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၁၁:၃၀ နာရီ)
ဖီအိုရင်တီးနားကို ရာသီအစကလို မဟုတ်တော့ဘူးလို့ပဲ ဆိုရမယ်။ နောက်ဆုံး (၃)ပွဲဆက် ရမှတ်လေလွင့်ခဲ့ပြီး အမှတ်ပေး ဇယားအဆင့် (၅)နေရာကို ကျဆင်းသွားတယ်။ ကွန်တီရဲ့ နာပိုလီကလည်း နိုင်ပွဲတွေရနေပေမဲ့ ဂျီနိုအာ၊ ဗင်နီဇီယာတို့လို အသင်းတွေနဲ့ပွဲမှာ အနည်းငယ်ရုန်းကန်ခဲ့ရတယ်။ ဒါ့အပြင် အိမ်ကွင်းဆိုရင် ကစားပုံပိုကောင်းတတ်တဲ့ ဖီအိုရင်တီးနားကြောင့် နာပိုလီအတွက် ခက်ခဲသွားနိုင်တယ်။ (၂)သင်းပေါင်းသွင်းဂိုးများနိုင်ပြီး အိမ်ရှင်နဲ့ စွန့်စားသင့်တယ်။ ဖီအိုရင်တီးနား အနိမ့်ဆုံး သရေရမယ်။
ဗီရိုနာ - အူဒီးနီးစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် နံနက် ၂:၁၅ နာရီ)
ဗီရိုနာက တန်းဆင်းဇုန်နဲ့ ခပ်ဝေးဝေးကို ရောက်ဖို့ ကြိုးစားနေတယ်။ အူဒီးနီးစ်ကလည်း နိုင်တစ်ခါ၊ ရှုံးတစ်လှည့်ဖြစ်နေပြီး နောက်ဆုံးပွဲမှာ တိုရီနိုနဲ့ သရေကျခဲ့တယ်။ ဒီပွဲကိုလည်း ဂိုးနည်းသရေပွဲလို့ ထင်မိတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်