Top News

■ ပြင်သစ်လီဂူးပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်
24htopnews | January 3, 2025 9:12 PM CST

စိန့်အက်တီယန် - Reims (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် ည ၁၀:၃၀ နာရီ)

စိန့်အက်တီယန်က နောက်ဆုံး (၃)ပွဲဆက် ရှုံးခဲ့ပြီး တန်းဆင်းဇုန်ထဲ ရောက်သွားတယ်။ Reims ကလည်း ပုံမှန်ခြေမရှိပါ ဘူး။ အိမ်ကွင်းမှာ ပိုမိုအားစိုက်လာမယ့် စိန့်အက်တီယန် သရေနဲ့ အနိုင်ပါပဲ။



လိုင်လီ - နန့်စ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် နံနက် ၀၀:၃၀ နာရီ)

လိုင်လီက အားရစရာပုံစံတစ်ခုကို ပြနေပြီး အိမ်ကွင်းဆိုရင် အမှားနည်းတာကိုလည်း တွေ့ရမယ်။ နန့်စ်က လိုင်လီနဲ့တွေ့တိုင်း ရုန်းကန်ရလေ့ရှိတဲ့အသင်းပါ။ လိုင်လီ အနည်းဆုံး (၂) ဂိုးပြတ်လောက်နဲ့ နိုင်မယ်။



လိုင်ယွန် - မောင့်ပယ်လီယာ (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၅ ရက် နံနက် ၂:၃၀ နာရီ)

လိုင်ယွန်က နောက်ဆုံးပွဲမှာ PSG ကို ရှုံးခဲ့လို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နိုင်ပွဲနဲ့ပြန်လာနိုင်အောင် ကြိုးစားလိမ့်မယ်။ လက်ရှိအနေအထားအရ မောင့်ပယ်လီယာအသင်းအနေနဲ့ လိုင်ယွန်ကို ယှဉ်နိုင်စရာမရှိပါဘူး။ လိုင်ယွန် ဂိုးပြတ်ပေါက်ကွဲပြမှာပါ။


READ NEXT
Cancel OK