
■ ၂၀၂၄ ခုနှစ်အတွင်း အထင်ကရ ရာသီဥတုဖြစ်စဉ်များ
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ရေကြီးရေလျှံခြင်းကဲ့သို့ ရာသီဥတုသဘာဝဘေးအန္တရာယ်များစွာကို ကြုံတွေ့ခဲ့ကြသည်။ မာရော့တီကဲ့သို့ ကျွန်းငယ်လေးမှအစ ဆော်ဒီအာရေဗျကဲ့သို့ ချမ်းသာကြွယ်ဝသော နိုင်ငံများအထိ ကမ္ဘာ့နေရာတိုင်းတွင် ရာသီဥတု သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ခံစားခဲ့ကြသည်။
၂၀၂၄ ခုနှစ်သည် လေထုနှင့် သမုဒ္ဒရာများအတွင်း အပူချိန်မြင့်မားမှုနှင့်အတူ စံချိန်တင်အပူဆုံးဖြစ်ခဲ့ပြီး အလွန်ပြင်းထန်သည့် ရာသီဥတုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့သည်။ ၂၀၂၄ ခုနှစ်တွင် ကြုံတွေ့ခဲ့သော သဘာဝဘေးအန္တရာယ်အားလုံးနီးပါးသည် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြောင့် ပိုမိုအင်အား ပြင်းထန်ခဲ့ရခြင်းဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။
ရာသီဥတုသိပ္ပံပညာရှင် ဖရိုက်ဒါရိုက်အော်တို၏ သုံးသပ်ချက်အရ ရုပ်ကြွင်းလောင်စာပူနွေးမှု၏ သက်ရောက်မှုများသည် ပိုမိုသိသာထင်ရှားပြီး ပိုမိုအန္တရာယ် ရှိလာကြောင်း သုံးသပ်ထားသည်။ ထို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း ပိုမိုဆိုးရွားပြင်းထန်လာသော အထင်ကရရာသီဥတုဖြစ်စဉ်များကို အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်။
■ တိုင်ဖွန်းရာဂိ တိုက်ခတ်မှု
၂၀၂၄ ခုနှစ်အတွင်း အရှေ့တောင်အာရှနှင့် တရုတ်တောင်ပိုင်းတွင် ဝင်ရောက်တိုက်ခတ်ခဲ့သော တိုင်ဖွန်း ရာဂိသည် အင်အားပြင်းမုန်တိုင်းတစ်ခု ဖြစ်ကာ ယင်းမုန်တိုင်းကြောင့် အပျက်အစီးအများအပြား ဖြစ်ပေါ်ခဲ့သည်။ ဗီယက်နမ်သည် မုန်တိုင်းဒဏ်ကို အဆိုးဆုံးခံစားခဲ့ရပြီး သေဆုံးသူ ၃၂၅ ဦး ရှိကာ လူ ၂၄ ဦး ပျောက်ဆုံးခဲ့ပြီး အဆောက်အအုံပေါင်း ၃၂၀,၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။
■ ကယ်လီဖိုးနီးယား တောမီးလောင်ကျွမ်းမှု
၂၀၂၄ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်း၏ နေရာအများအပြားတွင် အလွန်ပြင်းထန်သော တောမီးလောင်ကျွမ်းခဲ့သည်။ ယင်းတောမီးသည် နေအိမ်အများအပြားကို ဖျက်ဆီးခဲ့ကာ ဒေသခံထောင်ချီ ဘေး လွတ်ရာရွှေ့ပြောင်းခဲ့ရပြီး ဆိုးရွားသောလေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေခဲ့ သည်။ အပူချိန်မြင့်တက်မှုနှင့် ကာလကြာရှည်မိုးခေါင်မှုများသည် တောမီးကို ပိုမိုဆိုးရွားစေခဲ့သည်။
■အပူပိုင်းမုန်တိုင်း ဟယ်လင်းတိုက်ခတ်မှု
၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းတွင် အပူပိုင်းမုန်တိုင်း ဟယ်လင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်ခဲ့သည်။ ယင်းမုန်တိုင်းကြောင့် အပျက်အစီးအများ အပြားပေါ်ပေါက်ခဲ့ကာ လူ ၂၃၄ ဦး သေဆုံးပြီး နေအိမ်များနှင့် အခြေခံအ ဆောက်အအုံ မရေတွက်နိုင်အောင် ထိခိုက်ပျက်စီးခဲ့သည်။ ၎င်းင်း၏ပြင်းအား သည် ပိုမိုပူနွေးသော ပင်လယ်ရေအပူချိန်နှင့် ဆက်နွှယ်နေသည်။
■ဘရာဇီး၏ မိုးခေါင်မှု
၂၀၂၄ ခုနှစ်အတွင်း ဘရာဇီးတွင် ပြင်းထန်မိုးခေါင်မှုကြောင့် မာဒီရာ မြစ်သည် လုံးဝနီးပါး ခန်းခြောက်သွားခဲ့သည်။ ယင်းမိုးခေါင်မှုသည် ကြီးမား သော သဘာဝပတ်ဝန်းကျင်ပြဿနာများကို ဖြစ်ပေါ်စေခဲ့ပြီး ဂေဟစနစ်နှင့် တောရိုင်းသတ္တဝါများကို ထိခိုက်စေခဲ့သည်။ ထို့ပြင် ပို့ဆောင်ဆက်သွယ်ရေး ဒေသတွင်းစီးပွားရေးကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ယင်းမိုးခေါင်မှု သည် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနှင့်ဆက်နွှယ်၍ ရေရှားပါးမှု အန္တရာယ် ပိုမိုမြင့်တက်လာကြောင်း မီးမောင်းထိုးလျက်ရှိသည်။
■ဘိုးရစ် မုန်တိုင်းတိုက်ခတ်မှု
၂၀၂၄ ခုနှစ်တွင် ဘိုးရစ် မုန်တိုင်းတိုက်ခတ်မှုကြောင့် မိုးသည်းထန်စွာ ရွာသွန်းမှုကို ဖြစ်ပေါ်စေကာ ဥရောပ၏ နေရာအများအပြားတွင် ရေကြီးရေ လျှံမှုကို ဖြစ်ပေါ်စေခဲ့သည်။
သြစတြီးယား၊ ချက်ဇ်သမ္မတနိုင်ငံ၊ ဟန်ဂေရီ၊ ပိုလန်၊ ရိုမေးနီးယားနှင့် ဆလိုဗားကီးယားကဲ့သို့ နိုင်ငံများတွင် နေအိမ်များ၊ အခြေခံအဆောက်အအုံ များနှင့် စိုက်ပျိုးရေးလုပ်ငန်များတွင် အပျက်အစီးများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့သည်။
■ပေါ်တူဂီ တောမီးလောင်ကျွမ်းမှု
၂၀၂၄ ခုနှစ်တွင် ပေါ်တူဂီသည် သစ်တောနှင့် ကျေးလက်နေရာအများ အပြားကို ပျက်စီးစေခဲ့သည့် ပြင်းထန်တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။ တောမီးကြောင့် နေအိမ်များ ပျက်စီးခဲ့ပြီး ရပ်ကွက်အများအပြားရှိ နေထိုင်သူ များ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကာ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး ထိ ခိုက်နစ်နာမှုများ ပေါ်ပေါက်ခဲ့သည်။ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် အပူချိန်ပြင်းထန်မှုနှင့် ခြောက်သွေ့မှုအခြေအနေသည် တောမီးလောင်ကျွမ်းမှု များကို ပိုမိုပြင်းထန်စေခဲ့သည်။
၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အပူချိန်ပြင်းထန်ခြင်း၊ ရေကြီးခြင်း၊ ဆိုင်က လုန်းမုန်တိုင်းများ၊ မိုးခေါင်ခြင်းနှင့် တောမီး များလောင်ကျွမ်းခြင်းကဲ့သို့ ရာသီဥတုနှင့် ဆက်နွှယ်သည့် ဆိုးရွားသော သဘာဝဘေး အန္တရာယ်များ ကြုံတွေ့ခဲ့သည်။ ဆော်ဒီအာ ရေဗျ၊ ထိုင်း၊ အိန္ဒိယနှင့် အမေရိကန်တို့တွင် အပူလှိုင်းများကြောင့် လူပေါင်းရာချီ သေဆုံး ခဲ့ပြီး အချို့နေရာများတွင် အပူချိန်သည် ၅၀ ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့သည်။ သမုဒ္ဒရာရေမျက်နှာပြင် ပိုမိုပူနွေးလာမှုများ မိုးသည်းထန်စွာ ပိုမိုရွာသွန်းမှုကြောင့် ယူအေ အီး၊ ကင်ညာ၊ အနောက်အာဖရိကနှင့် အခြား နိုင်ငံအများအပြားတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့ခဲ့သည်။ မီလ်တန်၊ ဘားလ်နှင့် ဟယ် လင်းကဲ့သို့ မုန်တိုင်းများနှင့်အတူ ဆိုင်ကလုန် များ၏ ပြင်းအားများ ပိုမိုမြင့်တက်လာကာ အမေရိကန်နှင့် ကာရေဘီယံတို့တွင် အပျက် အစီးအများအပြားနှင့် လူသေဆုံးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ တိုင်ဖွန်း ရာဂိနှင့် ဆိုင် ကလုန်း ချီနိုတို့သည် အရှေ့တောင်အာရှနှင့် မာရော့တီကျွန်းတို့တွင် အပျက်အစီး ဆိုးဆိုး ရွားရွားဖြစ်ပေါ်စေခဲ့သည်။ အမေရိကတွင် မိုးခေါင်မှုများနှင့် တောမီးများ လောင်ကျွမ်းခဲ့ ကာ အထူးသဖြင့် အမေရိကန်အနောက်ပိုင်း၊ ကနေဒါနှင့် အမေဇုန်တို့တွင် ဟက်တာပေါင်း သန်းချီ မီးလောင်ကျွမ်းခဲ့သည်။ ယင်းသဘာဝ ဘေးအန္တရာယ်များသည် ရာသီဥတုဖောက် ပြန်ပြောင်းလဲမှုကြောင့် ပိုမိုပြင်းထန်ဆိုးရွား ခဲ့ပြီး လူသေဆုံးမှုများနှင့် သဘာဝပတ်ဝန်း ကျင်ဆိုင်ရာ နစ်နာဆုံးရှုံးမှုများကို သိသိသာ သာ မြင့်တက်စေခဲ့သည်။ ယင်းသဘာဝဘေး အန္တရာယ်များကြောင့် စုစုပေါင်းသေဆုံးသူအ ရေအတွက်ကို တိုင်းတာရန်ပင် မလွယ်ကူပေ။ သဘာဝဘေးအန္တရာယ်ကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ကမ္ဘာတစ်ဝန်း၌ စုစုပေါင်း ဒေါ်လာ ၃၁၀ ဘီလျံရှိမည်ဟု ဆွစ်ဇာလန်အခြေစိုက် swiss re က ဒီဇင်ဘာအစောပိုင်းတွင် ထုတ် ပြန်ထားသည်။ အထူးသဖြင့် စပိန်နိုင်ငံ ဗလန် စီယာအပါအဝင် ဥရောပတွင် ရေကြီးမှုများ ကြောင့် အောက်တိုဘာလအတွင်း လူ ၂၀၀ ကျော်သေဆုံးခဲ့ကာ ဟာရီကိန်း ဟယ်လင်းနှင့် မီလ်တန်တို့ကြောင့် ဒေါ်လာများစွာတန်ကြေး ရှိ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်ဟုဆို သည်။
၂၀၂၄ ခုနှစ်သည် ရာသီဥတုပြောင်း လဲမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် နောက်ထပ် ပျက်စီးမှုများကို ကာကွယ်ရန်အတွက် ကမ္ဘာ လုံးဆိုင်ရာ အရေးယူဆောင်ရွက်မှု အရေးတ ကြီးလိုအပ်နေကြောင်း ပြတ်ပြတ်သားသား သတိပေးလျက်ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်