
တောင်ကိုရီးယားနိုင်ငံတွင် မကြာသေးမီက Jeju Air လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်ပျက်ကျမှုကြောင့် မိသားစုဝင် ကိုးဦးစလုံးသေဆုံးခဲ့ပြီးနောက် ကျေးရွာထဲတွင် တစ်ကောင်တည်း ပိုင်ရှင်မဲ့ဖြစ်သွားခဲ့သည့် ခွေးကလေး ပူတင်း (Pudding) ကို တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က သွားရောက်ကယ်တင်လိုက်ပြီဖြစ်ကြောင်း SCMP သတင်းတွင် ဖော်ပြခဲ့သည်။
Care အမည်ရှိ တိရစ္ဆာန်စောင့်ရှောက်ရေးအဖွဲ့က တောင်ဂျီယိုလာပြည်နယ် ယွန်ဂွမ်ကောင်တီရှိ ကျေးရွာထဲတွင် တစ်ကောင်တည်း အဖော်မဲ့နေသည့် ခွေးကလေးပူတင်ကို ဇန်နဝါရီ ၁ ရက်က သွားရောက်ကယ်ဆယ်ခဲ့ခြင်းဖြစ်သည်း
"ပိုင်ရှင်မရှိဘဲ ကျေးရွာထဲမှာ လျှောက်သွားနေတဲ့ ပူတင်းလေးရဲ့ လုံခြုံရေးဟာ စိတ်မချရတာကြောင့် သူ့ကို မွေးမယ့်သခင်မပေါ်ခင်အချိန်အထိ ကျွန်တော်တို့က စောင့်ရှောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်" ဟု Care အဖွဲ့က ပြောကြားခဲ့သည်။
ခွေးကလေးပူတင်းသည် Jeju Air လေယာဉ်ပျက်ကျမှုတွင် သေဆုံးခဲ့သည့် အသက် ၇၉ နှစ်အရွယ် အမျိုးသား၏ မိသားစုနှင့်အတူ ကျေးရွာတွင် နေထိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသားသည် ပူတင်းကို အိမ်တွင်ထားခဲ့ပြီး မိသားစုနှင့်အတူ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့သွားရောက်လည်ပတ်ကာ ဘန်ကောက်မှ အပြန်တွင် လေယာဉ်ပျက်ကျမှုကြောင့် အဆိုပါအမျိုးသားအပါအဝင် မိသားစုဝင် ကိုးဦးစလုံးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း Care အဖွဲ့က ပြောကြားခဲ့သည်။
■Ref: SCMP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်