
တောင်ကိုရီးယားရဲတပ်ဖွဲ့က လူ ၁၇၉ ဦးကို သေဆုံးစေခဲ့သည့် Boeing 737-800 လေယာဉ်ပျက်ကျမှုကို စုံစမ်းစစ်ဆေးမှုတစ် စိတ်တစ်ပိုင်းအနေဖြင့် Jeju Air လေကြောင်းလိုင်းနှင့် မူအမ်းနိုင်ငံတကာလေဆိပ်၏ အော် ပရေတာရုံးများကို ဒီဇင်ဘာ ၂ ရက်တွင်ဝင်ရောက်စီးနင်းခဲ့သည်။
ဒီဇင်ဘာ ၂၉ ရက်က ထိုင်းနိုင်ငံမှတောင် ကိုရီးယားကိုပျံသန်းလာသည့် လူ၁၈၁ ဦး လိုက်ပါလာသော Boeing 7373-8AS လေယာဉ်သည် မူအမ်းလေဆိပ်ပြေးလမ်းတွင် ဆင်းသက်နေချိန်လမ်းချော်ပြီး ခြံစည်းရိုးတံ တိုင်းကို ဝင်တိုက်ခဲ့ကာ မီးလောင်ခဲ့သည့်အတွက် အပျက်အစီးကြားမှ ကယ်ထုတ်ခဲ့သောလေယာဉ်မယ်နှစ်ဦးမှလွဲပြီး ကျန်လိုက်ပါ လာသူအားလုံးသေဆုံးခဲ့သည်။
အာဏာပိုင်များသည် ယင်းလေယာဉ်ပျက်ကျခဲ့သည့် မူအမ်းလေဆိပ်၊ နိုင်ငံအနောက်တောင်ပိုင်းမူအမ်းမြို့ရှိ ဒေသဆိုင်ရာ လေကြောင်းရုံးနှင့် ဆိုးလ်မြို့တော်ရှိ Jeju Air လေကြောင်းလိုင်း၏ရုံးခန်းတို့တွင် ရှာဖွေရေးနှင့် သိမ်းဆည်းရေးများပြုလုပ်ခဲ့သည်။
Boeing အပါအဝင် တောင်ကိုရီးယားနှင့် အမေရိကန်စုံစမ်းစစ်ဆေးသူများက မ တော်တဆမှုဖြစ်ရသည့် အကြောင်းအရင်းကိုဖော်ထုတ်ရန် black box နှစ်ခုလုံးမှအချက်အလက်များကိုရယူရန် လုပ်ဆောင်နေသည်။
“လေယာဉ်မတော်တဆမှုနဲ့ပတ်သက်ပြီး နေရာသုံးနေရာမှာ ရှာဖွေရေးနဲ့သိမ်းဆည်းရေးလုပ်ငန်းစဉ်တွေကို ဇန်နဝါရီ ၂ ရက်နေ့ကလုပ်ဆောင်ခဲ့ပါတယ်”ဟု ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
“ရဲတပ်ဖွဲ့က ဒီမတော်တဆမှုဖြစ်စဉ်အတွက် တရားဥပဒေနဲ့ အခြေခံမူဘောင်တွေနဲ့အညီ ဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့တာ ဝန်ခံမှုတွေကိုအလျင်အမြန်ဆုံးဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်”ဟုရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
တောင်ကိုရီးယားက ၎င်း၏လေကြောင်းလိုင်းများတွင်ပြေးဆွဲနေသော Boeing 737-800 လေယာဉ်များအားလုံးကို စစ်ဆေးသွားမည်ဖြစ်ကြောင်းကြေညာခဲ့ကာ အဆင်းဂီယာကို အဓိကအာရုံစိုက်စစ်ဆေးသွားမည်ဟုဆိုသည်။
တောင်ကိုရီးယားယာယီသမ္မတချွိုင် ဆန်မော့ကတောင်ကိုရီးယားလေကြောင်းလုပ်ငန်းတစ်ခုလုံး၏ အရေးပေါ်ဘေးကင်း ရေးစစ်ဆေးမှုကို လုပ်ဆောင်ရန် ဒီဇင်ဘာ ၃၀ ရက်တွင် ညွှန်ကြားခဲ့သည်။
မတူညီသောလေကြောင်းလိုင်းခြောက်လိုင်းတွင် အလားတူလေယာဉ်အမျိုးအစား၏ လေယာဉ်အစင်း ၁၀၁ စင်းဖြင့် ပြေးဆွဲလျက်ရှိကြောင်း အာဏာပိုင်များကအစောပိုင်း၌ ပြောကြားခဲ့သည်။
တောင်ကိုရီးယားလေကြောင်းလိုင်းများက အသုံးပြုနေသော Boeing 737-800s လေယာဉ် ၁၀၁ စီးကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး ဇန်နဝါရီ ၃ ရက်တွင် စစ်ဆေးပြီးစီးမည်ဟု ဆိုသည်။ မူအန်းလေဆိပ်ကို ဇန်နဝါရီ ၇ ရက်အထိပိတ်ထားမည်ဟု သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။
အမေရိကန် အမျိုးသားသယ်ယူပို့ ဆောင်ရေးဘေးကင်းမှု ဘုတ်အဖွဲ့(NTSB)၊ ဖက်ဒရယ်လေကြောင်း စီမံအုပ်ချုပ်ရေးအဖွဲ့၊ လေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Boeing တို့က ကိုယ်စားလှယ်များသည် စုံစမ်းစစ်ဆေးရေးအဖွဲ့တွင် ပါဝင်လာခဲ့ပြီး ဒီဇင်ဘာ ၃၁ ရက်တွင် မူအန်း၌တွေ့ဆုံခဲ့သည်။
Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်