
အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြအဖြစ် ဇန်နဝါရီ(၁)ရက်တွင် စတင်တာဝန်ယူခဲ့သော ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူဟယ်လ်သည် ယခုတစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်၌ စပါး - နယူးကာဆယ်ပွဲကို ကွင်းအတွင်းလာရောက်၍ စတင်ကြည့်ရှုမည်ဖြစ်ကြောင်း သိရသည်။
ယင်းနှစ်သင်း၌ အင်္ဂလန်လက်ရွေးစင်ကစားသမားများ ပါဝင်နေသည့်အတွက် တူဟယ်လ်အနေဖြင့် အင်္ဂလန်နည်းပြဘဝ ပထမဆုံးလုပ်ဆောင်မှုအဖြစ် အဆိုပါပွဲကို ကြည့်ရှုရန် စီစဉ်ခြင်းဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
၎င်းသည် ဒုတိယပွဲအဖြစ် တနင်္ဂနွေနေ့တွင် ယှဉ်ပြိုင်ကစားမည့် လီဗာပူးလ် - မန်ယူပွဲကို ကြည့်ရှုဖွယ်ရှိသည်ဟုလည်း ဖော်ပြခဲ့သည်။
တူဟယ်လ်သည် ဇန်နဝါရီ (၁) ရက်တွင် အင်္ဂလန်နည်းပြတာဝန်များကို စတင်ထမ်းဆောင်ခဲ့ခြင်းဖြစ်ပြီး အင်္ဂလိပ်ဘောလုံးသမားများကို ခြေစွမ်းကို အကဲဖြတ်နိုင်ရန်အတွက် ပရီးမီးယားလိဂ်ပွဲစဉ်များကို တောက်လျှောက်ကြည့်ရှုသွားရန် စီစဉ်ထားကြောင်း သိရသည်။
တူဟယ်လ်က အင်္ဂလန်အသင်းနှင့်အတူ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်ခံရစဉ်က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်