
ဂျာမန်နာမည်ကြီးအားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Adidas နှင့် ချုပ်ဆိုထားသည့် ပေါင်သန်း (၉၀၀) တန် စပွန်ဆာစာချုပ်တွင် မန်ယူအသင်း ပရီးမီးယားလိဂ်မှ တန်းဆင်းရလျှင် ကုမ္ပဏီဘက်မှ စာချုပ်ဖျက်သိမ်းခွင့်ရှိသည့် အချက်ကို ထည့်သွင်းထားကြောင်း သိရသည်။
Adidas နှင့် မန်ယူအသင်းသည် ၂၀၂၃ ခုနှစ် ဇူလိုင်လက (၁၀) နှစ်သက်တမ်းရှိ ပေါင်သန်း (၉၀၀) တန် စပွန်ဆာစာချုပ်ချုပ်ဆိုခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် တန်ဖိုးအမြင့်ဆုံး စပွန်ဆာစာချုပ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
စာချုပ်အရ မန်ယူအသင်းသည် တစ်ရာသီလျှင် စပွန်ဆာကြေး ပေါင်သန်း (၉၀) ရရှိနေပြီး Adidas နှင့် ကာလကြာရှည် လက်တွဲထားခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရလဒ်များ ဆိုးရွားနေပြီး နောက်ဆုံးခြောက်ပွဲတွင် ငါးပွဲအထိ အရေးနိမ့်သည့်အပြင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင်လည်း အဆင့် (၁၄) နေရာသို့ ရောက်ရှိလျက်ရှိသည်။
၂၀၂၄ ခုနှစ် ဇွန်လ (၃၀) ရက်က ထုတ်ပြန်ခဲ့သည့် ကလပ်အသင်း၏တစ်နှစ်တာ ဘဏ္ဍာရေးအစီရင်ခံစာတွင် Adidas နှင့် စပွန်ဆာစာချုပ်သည် အမျိုးသားအသင်းကြီးအနေဖြင့် ပရီးမီးယားလိဂ်ပြိုင်ပွဲ မယှဉ်ပြိုင်နိုင်သည့် တစ်နှစ်အတွက် စပွန်ဆာကြေး (၅၀) ရာခိုင်နှုန်းလျှော့ချခြင်းနှင့် ကုမ္ပဏီဘက်မှ စာချုပ်ဖျက်သိမ်းခွင့် ရှိသည့်အချက် ပါဝင်ကြောင်း အတိအလင်းဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် အဆင့်ရှစ်နေရာ ရပ်တည်မှုမှာ အဆိုးရွားဆုံးအဆင့် ဖြစ်ခဲ့ပြီး ယင်းမှာလည်း ပြီးခဲ့သည့်ရာသီက နည်းပြဟောင်း တန်ဟက်ဂ် လက်ထက်တွင် အဆိုးရွားဆုံး ရာသီကုန်ရပ်တည်မှု ဖြစ်ခဲ့သည်။
ထို့ပြင် လက်ရှိအချိန်၌ အမှတ်ပေးဇယားတွင် တန်းဆင်းဇုန် အဆင့်(၁၈) နေရာမှ အစ်ဝစ်ချ်အသင်းနှင့် ခုနစ်မှတ်သာ ကွာဟလျက်ရှိကြောင်း သိရသည်။
နယူးကာဆယ်နှင့်ပွဲအပြီးတွင် မန်ယူအသင်းနည်းပြ အာမိုရင်မ် ကိုယ်တိုင်ကလည်း အသင်းအနေဖြင့် တန်းဆင်းဇုန်တိုက်ပွဲနှင့် ရင်ဆိုင်ရနိုင်ကြောင်း ဝန်ခံခဲ့သည်။
မန်ယူအသင်းဂန္ထဝင် နောက်ခံလူ ဂယ်ရီနဗီးလ်က ''မန်ချက်စတာယူနိုက်တက်အသင်းမှာ ယုံကြည်မှု ပျောက်ဆုံးနေတယ်။ နယူးကာဆယ်က မန်ချက်စတာယူနိုက်တက်ကို အသေအလဲ ထိုးနှက်ခဲ့တယ်။ တိုင်းပြည်ရဲ့ အကောင်းဆုံးဘောလုံးကလပ် အဆိုးရွားဆုံးဖြစ်နေတာ စောင့်ကြည့်နေရပြီး သူတို့အတွက် ဆိုးရွားလှပါတယ်''ဟု သုံးသပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်