Top News

■ ယနေ့ည ကစားမည့် ဥရောပလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
24htopnews | January 3, 2025 4:12 PM CST

■  လာလီဂါပွဲစဉ် (၁၂) ပွဲကျန် ပွဲကြိုသုံးသပ်ချက် 

ဗလင်စီယာ - ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် နံနက် ၂:၃၀ နာရီ)

ဗလင်စီယာအသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်ကို လာလီဂါအိမ်ကွင်း (၂)ပွဲဆက် မရှုံးအောင်ကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ လက်ရှိခြေစွမ်းအရကြည့်ရင်တော့ အိမ်ကွင်းမှာ ကစားရမှာဖြစ်ပေမဲ့ ဗလင်စီယာအသင်း ရီးယဲလ်မက်ဒရစ်ကို ယှဉ်ကစားနိုင်ဖို့ ခက်ပါတယ်။ ချန်ပီယံဆုကို ပစ်မှတ်ထားနေတဲ့ ရီးယဲလ်မက်ဒရစ်အနေနဲ့ ဒီလိုပွဲမျိုးမှာ ရလဒ်ကောင်းဖို့  ကြိုးစားပါလိမ့်မယ်။ ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေ ဂိုးပေါက်ပြန်တွေ့နေတာကလည်း ကျေနပ်စရာဖြစ်ပြီး ဗင်နီစီယပ်စ်၊ ဘယ်လင်ဟမ်တို့လို ကြယ်ပွင့်တွေရဲ့ ခြေစွမ်းကလည်း အားရစရာကောင်းတယ်။ အဝေးကွင်းဖြစ်ပေမဲ့ ရီးယဲလ်မက်ဒရစ်အသင်း အနည်းဆုံး (၂)ဂိုးပြတ်လောက်နဲ့ နိုင်မှာပါ။ ဗလင်စီယာရဲ့ ခံစစ်ကစားပုံအားနည်းချက်ကြောင့် သွင်းဂိုးအများကို ကြိုက်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ် (၁၆) ပွဲကြိုသုံးသပ်ချက်

နိုက်စ် - ရန်းစ် (မြန်မာစံတော်ချိန် ဇန်နဝါရီလ ၄ ရက် နံနက် ၂:၃၀ နာရီ)

နိုက်စ်က ရန်းစ်နဲ့တွေ့ဆုံတဲ့ အိမ်ကွင်းနောက်ဆုံး (၃)ပွဲ မှာ (၇)မှတ်အထိ ရခဲ့တယ်။ ရန်းစ်ကတော့ အဝေးကွင်းဆိုရင် သိသိသာသာကျဆင်းသွားတတ်တယ်။ အိမ်ရှင် နိုက်စ်ကိုပဲ ကြိုက်တယ်။


READ NEXT
Cancel OK