
လီဗာပူးလ်အသင်းမှ အင်္ဂလန်နောက်ခံလူ အာနိုးလ်သည် လာမည့်နွေရာသီတွင် ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့မည်ဆိုပါက လက်မှတ်ထိုးကြေးအဖြစ် ပေါင်သန်း(၁၀၀) ရရှိမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။
အာနိုးလ်သည် လာမည့်နွေရာသီတွင် လီဗာပူးလ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်သောကြောင့် ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ရာ ၎င်းကို လက်မှတ်ထိုးကြေးအဖြစ် ပေါင်သန်း(၁၀၀)ပေးချေသွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့အကောင်းဆုံးနောက်ခံလူတစ်ဦးအဖြစ် သတ်မှတ်ခံထားရသည့် အာနိုးလ်ကို ခေါ်ယူလိုသည့် ပြိုင်ဘက်အသင်းများစွာရှိနေသလို၊ လီဗာပူးလ်အသင်းကလည်း လစာတိုးမြှင့်ပေးပြီး သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့်အတွက် ရီးယဲလ်အသင်းက မြင့်မားသည့် လက်မှတ်ထိုးကြေးဖြင့် မက်လုံးပေးဆွဲဆောင်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ရီးယဲလ်အသင်းသည် တိုက်စစ်မှူး ဘာပေကို ခေါ်ယူရာတွင်လည်း လက်မှတ်ထိုးကြေးအဖြစ် ပေါင်(၁၀၆)သန်းဝန်းကျင်ပေးချေခဲ့ကြောင်း သိရသည်။
အာနိုးလ်သည် လစာအဖြစ် တစ်ပတ်ပေါင်(၅)သိန်းဝန်းကျင်ရမည်ဟုလည်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်