Top News

■ ဘာစီလိုနာအသင်းအနေဖြင့် စည်းမျဉ်းများကိုလေးစားသင့်သည်ဟု အန်ဆယ်လော့တီ ဆို
24htopnews | January 3, 2025 4:12 PM CST

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ဘာစီလိုနာအသင်းအနေဖြင့် စည်းမျဉ်းများကို လေးစားသင့်သည်ဟု ဝေဖန်ပြောကြားခဲ့သည်။ 

ဘာစီလိုနာအသင်းသည် စပိန်ကစားသမား အော်လ်မိုအား အသင်း၏ကစားသမားတစ်ဦးအဖြစ် ဆက်လက်စာရင်းသွင်းနိုင်ရန်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)ထံ အသနားခံစာတင်သွင်းထားကြောင်း သိရသည်။ 

ဘာစီလိုနာအသင်း၏ အဆိုပါလုပ်ရပ်ကို ရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ဝေဖန်ခဲ့ခြင်းဖြစ်သည်။ 

"အသေးစိတ်ကိုတော့ ကျွန်တော် မသိပါဘူး။ ကျွန်တော် ပြောနိုင်တာတစ်ခုကတော့ ကလပ်အသင်းအားလုံးဟာ ပြဌာန်းထားတဲ့ စည်းမျဉ်းတွေကို လေးစားမှုရှိရမယ် ဆိုတာပါပဲ"ဟု ဘာစီလိုနာနှင့် အော်လ်မို၏ အခြေအနေအတွက် မေးမြန်းမှုကို အန်ဆယ်လော့တီက တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အသင်းကစားသမားများဖြစ်သည့် အော်လ်မိုနှင့် ပါအူဗစ်တာတို့အား ၂၀၂၄ ဒီဇင်ဘာ (၃၁) ရက်တွင် နောက်ဆုံးထားမှတ်ပုံတင်ရမည်ဖြစ်သော်လည်း ဘဏ္ဍာရေးအခြေအနေကြောင့် Deadline အမီ မှတ်ပုံမတင်နိုင်ခဲ့ကြောင်း သိရသည်။ 


READ NEXT
Cancel OK